ရက်စက်တဲ့ဖခင်ဖြစ်သူမှ ကလေးနှစ်ယောက်အား ကြာပွတ်ဖြင့်ရိုက် နှိပ်စက်
02 Feb 2018 3,740 Views
ရက်စက်တဲ့ ဖခင်မှ ငါးနှစ်သာသာရှိသေးတဲ့ သားဖြစ်သူကို အိမ်မျက်နှာကြက်မှ မလှုပ်နိုင်အောင် ကြိုးဖြင့် တင်းတင်းချည်ထားခဲ့ပြီး ကြာပွတ်နဲ့ ရိုက်နေတဲ့ ထိတ်လန့်စရာကောင်းလှတဲ့ ဒီပုံတွေဟာ ယမန်နေ့က အင်တာနက်ကို တက်လာ ခဲ့ပါတယ်။
ဒီရက်စက်တဲ့ ဖခင်ကို ရဲများက ဗီဒီယိုမှတဆင့် ခြေရာခံလိုက်ခဲ့ကြပြီး ထိုလူရဲ့နာမည်ကို သိရှိခဲ့ကြပါတယ်။ ရဲများရဲ့ ပြောပြချက်အရ ထိုလူ့နာမည်မှာ Chain Singh ဖြစ်ပြီး အသက် ၃၃ နှစ်ရှိပြီဖြစ်ကြောင်း သိရပါတယ်။
ဓာတ်ပုံများအရ သူဟာ အသက်ငါးနှစ်သာရှိသေးတဲ့ သူ့သားကို ကိုယ်တုံးလုံးချွတ်ကာ ကြာပွတ်နဲ့ လိုက်ရိုက်နေခဲ့ပြီး ကြာပွတ်နဲ့ရိုက်ခံရတဲ့ အငယ်ဆုံးသမီးဖြစ်သူမှ နံရံထောင့်မှာကပ်ပြီး ငိုနေတဲ့ပုံကိုလည်း ထိုရက်စက်တဲ့လူရဲ့ အကိုမှ ကိုယ်တိုင်ရိုက်ကူး မှတ်တမ်းတင်ခဲ့ပါတယ်။
သက်သေများမှ ပြောပြချက်အရ ထိုလူဟာ သူ့သားကို လှုပ်လို့မရအောင် သူ့ရဲ့ရင်ဘက်တစ်လျောက်ဝိုက်ပြီး ကြိုးနဲ့ ချည်ထားခဲ့ပြီး ၃ နှစ်သာရှိသေးတဲ့ သမီးဖြစ်သူကို ရိုက်နေခဲ့ပြီး လက်တစ်ဖက်မှလည်းထွက်မပြေးနိုင်အောင် ကိုင်ထား ကြောင်း သိရပါတယ်။ ကလေးရဲ့အမေနဲ့ သူတိုရဲ့ မောင်နှမတွေဟာ အိမ်ထဲမှာ ရှိနေခဲ့ကြပြီး အဲ့ဒီအချိန်မှာ ကြောက်လွန်းတဲ့အတွက် ၀င်မစွက်ဖက်ရဲကြကြောင်းသိရပါတယ်။
ဒီဗီဒီယိုကို အမည်မသိသူတစ်ယောက်မှ အွန်လိုင်းပေါ်တင်ခဲ့ကြောင်း သိရပြီး ယခုအချိန်မှာ သူတို့နှစ်ယောက်ကို ကလေးများအား ညှင်းပန်းနှိပ်စက်မှုဖြင့် ရဲများမှ တရားစွဲထားပါတယ်။