အစိုးရကျောင်းကားသစ်များ လာမည့်ပညာသင်နှစ်တွင် စတင်ပြေးဆွဲမည်
18 Jan 2018 1,339 Views
ကိုရီးယားအစိုးရနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရတို့ G to G စနစ်ဖြင့်ဝယ်ယူထားသော ကျောင်းကားများ လာမည့်ပညာသင်နှစ်ကစတင်ကာ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါကျောင်းကားများကို ယာဉ်ကြောကျပ်တည်းမှု အများဆုံးဖြစ်လေ့ရှိသည့် နန်ယမ်၊ ဒဂုံ(၁)၊ အထ.က(၂)ကမာရွတ်နှင့် TTC ကျောင်းများတွင် ဦးစားပေးအဆင့်အနေနဲ့ စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း YTRA အတွင်းရေးမှူးဒေါက်တာမောင်အောင်က ပြောကြားခဲ့သည်။
ကျောင်းကားပြေးဆွဲမှုစနစ်တွင် စုရပ်ပြုလုပ်ကာ ကျောင်းကားအစီးရေ ၂၀၀ ဖြင့် စတင်ပြေးဆွဲသွားမည်ဖြစ်သည်။ ကိုရီးယားနိုင်ငံမှ ဝယ်ယူထားသော ဟွန်ဒိုင်း ကျောင်းကားများကို ပုဂ္ဂလိကများသို့ပြန်လည်ရောင်းချပေးသွားမည်မဟုတ်ကြောင်းလည်း သိရှိရသည်။
လာမည့်ပညာသင်နှစ်တွင် တစ်ဦးချင်းပိုင်လိုက်ထရပ်ကားများ ကျောင်းကားအဖြစ်ပြေးဆွဲမှုကို လုံးဝခွင့်ပြုတော့မည်မဟုတ်သော်လည်း လိုက်ထရပ်မဟုတ်သော ကားများကို က.ည.န ၏ သတ်မှတ်စံချိန်နဲ့ ကိုက်ညီပါက ဆက်လက်ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်းသိရှိရသည်။