နွေရာသီမှာ ကြုံတွေ့ရတဲ့ အသားအရေပျက်စီးမှုအတွက်ကုသနိုင်မဲ့နည်းလမ်းများ
15 Jul 2015 1,457 Views
နွေရာသီမှာ ကြုံတွေ့ရတဲ့ အသားအရေပျက်စီးမှုအတွက်ကုသနိုင်မဲ့နည်းလမ်းများ
နွေ ရာသီမှာအများဆုံးကြုံတွေ့ရသော ရေဓာတ်ခန်းခြောက်ရာမှ တဆင့်အသားအရေ မွဲခြောက်လာပြီး ၊ နေလောင်ခြင်းမှတစ်ဆင့် အညိုစက်တွေထွက်လာခြင်း တွေဖြစ်ပေါ်လာတဲ့အခါမှ အလွယ်တကူအိမ်မှာနေရင်းပြုပြင်လို့ရတဲ့နည်းလေးကိုပြောပြချင်ပါတယ်။ပထမဆုံးနည်းလေးကတော့ ခရမ်းချဉ်သီးကိုအသုံးပြုပြီးလုပ်လို့ရပါတယ်ဒီနည်းလေးကတော့အဆီပြန်တဲ့သူတွေအတွက်ပါအသားအရေရဲံ့အပေါ်ယံအလွှာတွေကိုကျန်းမာစိုပြေစွာနဲ့လင်းလက်စေနိုင်ပါတယ်ပြုလုပ်ရမဲ့နည်းလေးကတော့ခရမ်းချဉ်သီးအနှစ် နဲ့ပျားရည်တစ်စက်ကိုရောမွှေပြီးမျက်နှာပေါ်မှာလိမ်းပေးရမှာဖြစ်ပါသည်။
မိနစ်အနည်းငယ်ထားပြီးရေအေးအေးလေးနဲ့ဆေးလိုက်ခြင်းဖြင့်မျက်နှာအသားအရေပြန်လည်ကောင်းမွန်လာမှာပါ။အသားအရေခြောက်တဲ့အသားအရေပိုင်ရှင်တွေအတွက်ကတော့ငှက်ပျောသီးတစ်ဝက်၊ပျားရည်စားပွဲတင်ဇွန်းတစ်ဇွန်း၊ခရင်အချဉ်စားပွဲတင်ဇွန်း၂ဇွန်းတို့ကိုရောမွှေပြိးမျက်နှာပေါ်မှာ၁၀မိနစ်ထားပေးရမှာဖြစ်ပါတယ်။၁၀မိနစ်ထားပြည့်သွားရင်စိုစွတ်တဲံမ၀တ်နုနုနဲံဖယ်ရှားပေးပြီးရေကြက်သီးနွေးလေးနဲ့ဆေးချရမှာဖြစ်ပါတယ်။
ချော့ကလတ်အမဲ(သို့)ကိုကိုးပေါင်ဒါမှုန့်စာပွဲတင်ဇွန်း၂ဇွန်း၊ပျားရည်စာပွဲတင်ဇွန်း၅ဇွန်း၊နို့စာပွဲတင်ဇွန်း၁ဇွန်းတို့ကိုသမအောင်မွှေပြီးမျက်နှာပေါ်မှာညီညီညာညာလိမ်းပြီး၁၀မိနစ်ထားပြီးရေနဲ့ဆေးချရမှာပါလည်ပင်းတွင်လဲအသုံးပြုလို့ရပါသေးတယ်။နောက်တစ်မျိုးကတော့နံသာဖြူနဲ့နှင်းဆီအရည်လေးကိုရောပြီးမအိပ်ခင်မှာမျက်နှာကိုကြက်သည်းနွေးလေးနဲ့သစ်ပြီးလိမ်းအိပ်ပြိး မနက်နိုးလာရင်လဲကြက်သည်းနွေးလေးနဲ့ပြန်သစ်ပေးရမှာမှာဖြစ်ပါတယ်။နံသာဖြူကအသားအရေကိုအေးမြစေပြီးနီမြန်းတာနေလောင်တာတွေကိုလဲသက်သာစေပါတယ်။ထိုနည်းလေးတွေကိုဈေးသက်သက်သာသာနဲံပြလုပ်ပြီးပျိုမေလေးတို့ဒီထက်လှအောင်ပြုလုပ်လိုက်ကြရအောင်