BEC-TERO TV

သူ့အသက်မသတ်ပဲ ကြွက်တွေအမြန်ဆုံးပြေးအောင်လုပ်နည်း

16 Jan 2018     4,376 Views


အိမ်မှာ ကြွက်တွေရှိနေပြီဆိုရင် မိသားစုရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေပြီဆိုတာ သတိရပါ။ အိမ်မှာ ဘယ်လောက်ပဲ သန့်ရှင်းအောင်ထားပေမယ့် ကြွက်တွေ ရောက်လာနိုင်တဲ့ အခြားအကြောင်းရင်းများစွာလဲ ရှိနေနိုင်ပါတယ်။

များသောအားဖြင့် ကြွက်တွေကို ထောင်ချောက်နဲ့ အသေဖမ်းရတာ၊ အက်ဆစ်ပါတဲ့ကော်နဲ့ ကပ်အောင်လုပ်ပြီး ရှင်းပစ်ရတာမျိုးကို အိမ်ရှင်မအတော်များများက မလုပ်ချင်ကြပါဘူး။ ဒါကြောင့်မို့ သဘာဝအတိုင်း သူ့အသက်လဲ သတ်စရာမလိုပဲ ကြွက်တွေပြေးအောင် လုပ်နိုင်တဲ့ နည်းလမ်းလေးကို ဖော်ပြလိုက်ပါတယ်။


ပူစီနံအရည်ကိုအသုံးပြုပါ


ကြွက်တွေဟာ ပူစီနံအနံ့ကို အလွန်မုန်းပါတယ်။ ဒါကြောင့်မို့ ကြွက်တွေမလာဖို့ဆိုရင် ပူစီနံနဲ့ပြုလုပ်ထားတဲ့ အဆီတစ်မျိုးကို အနံ့စုပ်တဲ့ ချည်လုံးမှာဖြစ်စေ၊ ရေမြုတ်စမှာဖြစ်စေ စွတ်ထားပြီး ကြွက်တွေလာတ်တဲ့ နေရာတွေမှာ ထားလိုက်ပါ။ (စီတီးမတ်လို စူပါမားကတ်တွေနဲ့ စပါးပစ္စည်း(spa)အရောင်းဆိုင်တွေမှာ ရှာဝယ်လို့ရနိုင်ပါတယ်)


ဒါမှမဟုတ် ရေဖြန်းဗူးလေးထဲကို အဆီတစ်စက်နှစ်စက်လောက် ရေနဲ့ရောကာ ကြွက်လာတတ်တဲ့ အိမ်ခန်းနံရံအောက်ခြေနားလေးတွေကို လိုက်ဖျန်းပေးထားပါ။


ကြွက်(အရှင်ဖမ်း)ထောင်ချောက်


ကြွက်ကို အရှင်ဖမ်းတဲ့ ထောင်ချောက်ကို အသုံးပြုမယ်ဆိုရင်တော့ ထောင်ချောက်ထဲလာဖို့ အစာကို ချိပ်တဲ့အခါ လက်အိတ်စွပ်ပြီး မျှားမယ့်အစာကို ချိပ်ပါ။ ကြွက်ဟာ အနံ့ခံနိုင်စွမ်းကောင်းတာကြောင့် အစာမှာလူအနံ့ရနေတဲ့အခါ ထောင်ချောက်ထဲကို လာမှာမဟုတ်ပါဘူး။


ကြွက်ကိုမျှားဖို့ အကောင်းဆုံးအစးအစာတွေကတော့ ပေါင်မုန့်၊ ငှက်ပျောသီး၊ မြေပဲထောပတ်၊ ဝက်ပေါင်ခြောက်အသားစိမ်း တို့ပဲဖြစ်ပါတယ်။
 


16 Jan 2018     4,376 Views




RELATED

Most Popular of Special or Others

Most Popular of NEWS