လက်နှစ်ဖက်မပါတဲ့ အမျိုးသမီးကို လက်မှတ်ထိုးခိုင်းတဲ့ စားသောက်ဆိုင်ပိုင်ရှင်
16 Jan 2018 1,308 Views
တနေ့မှာ လက်နှစ်ဖက်မပါတဲ့ မသန်စွမ်းအမျိုးသမီးတစ်ဦးဟာ စားသောက်ဆိုင်တစ်ဆိုင်ထဲကို ၀င်လာခဲ့ပြီး အစားအစာအချို့ကို မှာယူစားသောက်ခဲ့ပါတယ်။ သူမစားပြီးသွားတဲ့အခါမှာ ကျသင့်ငွေရှင်းဖို့အတွက် ဆိုင်ရှင်ကို လှမ်းခေါ်ခဲ့ ပါတယ်။
အမျိုးသမီးပုံစံကို မြင်တဲ့အခါမှာ ဆိုင်ရှင်ဟာ ထိုအမျိုးသမီးဆီမှ ကျသင့်ငွေယူဖို့ ငြင်းဆန်ခဲ့ပြီး သူ့စားသောက်ဆိုင်နံရံမှာ ချိတ်ထားတဲ့ ပန်းချီကားတစ်ခုမှာတောင် လက်မှတ်ထိုးပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။
အကြောင်းပြချက်ကတော့ ဆိုင်ရှင်ဟာ သူမ မှာထားတဲ့အစားအစာ လူအများငေးမှာကို မကြောက်မရွံ့ဘဲ သူမရဲ့ ခြေထောက်နဲ့ အားရပါးရစားနေတာကို တွေ့ပြီး အရမ်းအထင်ကြီးသွားခဲ့ပါတယ်။ ကြင်နာသနားတတ်တဲ့ ဆိုင်ရှင်ဟာ ထိုအမျိုးသမီးကို နောက်တစ်ခါသူ့ဆိုင်လာတဲ့အခါမှာ အလကားစားသွားဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့သူတွေဟာ သူတို့ရဲ့ ခြေလက်တွေကို နာမည်ကြီး မော်ဒယ်တစ်ယောက်နဲ့ နှိုင်းယှဉ်ပြီး စိတ်ပျက်နေတဲ့အချိန်မှာ ဒီလိုလူတွေက သူ့တို့ရဲ့ကံကြမ္မာကို လက်ခံထားပြီး အကောင်းဆုံးနေ ထိုင်နိုင်အောင်း ကြိုးစားနေကြပါတယ်။
သာမန်လူတွေအတွက် ဖန်တီးထားတဲ့ နေထိုင်မှုပုံစံ အပေါ်မှာ ထပ်တူကျ နေဖို့ဆိုတာ သူတို့အတွက် အရမ်းခက်ခဲပါတယ်။ ဒါတွေကို လျစ်လျူရှပြီး လူအများတန်းတူ ရင်ဘောင်တန်းနိုင်တဲ့သူတွေကို တွေ့ရင် မည်သူမှ မလေးစားဘဲ့ မနေနိုင်ပါဘူးဆိုတာကို ဒီဖြစ်ရပ်က သက်သေပြသွားခဲ့ပါတယ်။