BEC-TERO TV

အချက် (၁)ချက်လောက်လိုက်နာရုံဖြင့် လှပသန်စွမ်းတဲ့ ဆံနွယ်ပိုင်ရှင်ဖြစ်ပါပြီ

15 Jan 2018     1,756 Views


ကျန်းမာလှပတဲ့ ဆံကေသာကို ပိုင်ဆိုင်နိုင်ဖို့ အတော်လေး အလုပ်ရှုပ်ခံမှရမယ်လို့ ထင်ထားတယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်။ လုံးဝ(လုံးဝ) အလုပ်မရှုပ်ပဲ အရမ်းလွယ်ကူတဲ့ အချက်တစ်ချက်လောက်သာ လိုက်နာမယ်ဆိုရင် အဆင်ပြေပါပြီ။
 
(၁) ပိုသားအတု ခေါင်းအုံးဖြင့်အိပ်စက်ပါ

 

မှို့ခေါင်းအုံးတွေနဲ့ အိပ်စက်ခြင်းဟာ ဦးခေါင်းအဆီပိုထွက်ပြီး အဲဒီအဆီကြောင့် ဆံပင်ကို ပိုကျွတ်စေနိုင်တဲ့အတွက် ပိုးသားအတုခေါင်းအုံးကို ပြောင်းလဲသုံးစွဲ အိပ်စက်ပါ။
 
(၂) နေ့စဉ်ရှန်ပူနဲ့ခေါင်းလျှော်ခြင်းကို ရှောင်ပါ

ရှန်ပူအသုံးပြုပြီး နေ့စဉ်ခေါင်းလျှော်ခြင်းဟာလည်း ဆံပင်ကို ကျွတ်စေတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ ပါဝင်ပါတယ်။ မဖြစ်လို့နေ့စဉ် ခေါင်းလျှော်ရမယ်ဆိုရင်လည်း ကွန်ဒီရှင်နာ(conditioner) ဒါမှမဟုတ် co-wash shampoo တို့နဲ့သာ လျှော်သင့်ပါတယ်။
 
(၃) အစေ့အဆံအဆီကိုသုံးပါ
 
သဘာဝအစေ့အဆံတို့နဲ့ ပြုလုပ်ထားတဲ့ သဘာဝခေါင်းလိမ်းဆီကို အသုံးပြုပါ။ သဘာဝခေါင်းလိမ်းဆီတွေထဲမှာ မကာဒေးမီးယားဆီ၊ အုန်းဆီနဲ့ အယ်လ်မွန်ဆီတို့ ပါဝင်ပါတယ်။ သဘာဝအစေ့အဆံတို့က မဟုတ်ပဲထုတ်ယူထားတဲ့ အာဂွန်၊ ဆီလီကွန်တို့လို အဆီမျိုးတွေက ဆံပင်အဟာရကို မဖြည့်ပေးနိုင်ပါဘူး။ အပေါ်ယံအမြင်အားဖြင့် စွတ်စိုနေရုံသာဖြစ်ပါတယ်။
 
ခေါင်းမလျှော်ခင် ၁၅ မိနစ်လောက်မှာ ခြောက်သွေ့နေတဲ့ဆံပင်ကို သဘာဝဆီကို ကြိုလိမ်းပေးထားခြင်းကလည်း ဆံပင်သန်စွမ်းကျန်းမာဖို့အတွက် အလွန်ကောင်းပါတယ်။
 
ဖော်ပြပါအချက်တွေဟာ လုံးဝ အလုပ်မရှုပ်စေတဲ့အတွက် အနည်းဆုံး တစ်ချက်လောက် မှန်မှန်လိုက်နာနိုင်ရင် ကျန်းမာလှပသန်စွမ်းတဲ့ ဆံကေသာကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
 

15 Jan 2018     1,756 Views




RELATED

Most Popular of Health Fix

Most Popular of Life Style