ဝဋ်ဆိုတာ လည်တတ်တယ်
15 Jan 2018 1,309 Views
“စာအုပ်တစ်အုပ်၏ တန်ဖိုးကို အဖုံးကိုကြည့်၍ ဆုံးဖြတ်လို့မရဘူး” ဆိုသည့်ဆိုရိုးစကားရှိပါတယ်။ ထိုဆိုရိုးကို တရုတ်မှာရှိတဲ့ ထိပ်တန်းအဆင့် ရှိစားသောက်ဆိုင်ကြီး တစ်ခုရဲ့ဖြစ်ရပ်က သိသာထင်ရှားစေခဲ့ပါတယ်။ Ani ဟာထိုစားသောက်ဆိုင်မှာရှိတဲ့ စားပွဲထိုးကောင်မလေးတစ်ယောက်ဖြစ်ပြီး သူမရဲ့ တစ်လစာ ၀င်ငွေဟာ ဒေါ်လာ ၁၀၀၀ ခန့်ရှိပါတယ်။ Ani ဟာအဆိုပါစားသောက်ဆိုင်မှာ အပြောအဆိုကျွမ်းကျင်မှု နှင့် ဆွဲဆောင်မှုရှိခြင်းတို့ ကြောင့် လာရောက်စားသုံးသူ တို့မှချီးမွမ်းပြောဆိုခြင်းကို ခဏခဏခံရပါတယ်။ တစ်နေတော့ Ani ၏ အလုပ်ချိန်အတွင်းမှာ အသက်ကြီးကြီး လယ်သမား တစ်ယောက် ဆိုင် ထဲသို့ဝင်လာခဲ့ပါတယ်။ အဆိုပါလယ်သမားကြီးမှာ သာမန်အ၀တ်အစားများကိုသာ ၀တ်ဆင်ထားသဖြင့် သူမက ထိုလယ်သမားမှာ အနီးနားပတ်ဝန်းကျင် ရွာမှ ဖြစ်မည်ထင်ပြီး စားစရာလာရောက်တောင်းရမ်းခြင်း ဖြစ်မည်ဟု တွေးလိုက်မိသည်။ Ani မှ ထိုလယ်သမားဆီသို့သွားရာ ထိုလယ်သမားကြီးမှ အရမ်းမောလှ သဖြင့် ရေတစ်ခွက်လောက်တိုက်ရန်ပြောခဲ့သည်။
ထိုအခါ Ani မှ ရေလည်းမတိုက်နိုင်ကြောင်း၊ သည်ဆိုင်တွင် ဈေးကြီးသော ဟင်းလျာများသာရောင်းကြောင်း၊၀ယ်စားနိုင်မည်လည်းမထင်၍ ဒုက္ခမပေးဘဲဆိုင်မှထွက်သွားပါဟုဆို၍ ထိုလယ်သမားကြီးကို အတင်းမောင်း ထုတ်လိုက်ပါတယ်။ ထိုအခါ လယ်သမားကြီး မှ စာအုပ်တစ်အုပ်ကို အဖုံးကြည့်၍ တန်ဖိုးမဖြတ်နဲ့ ဟုပြော၍ ပြောကာဆိုင်မှ ထွက်သားခဲ့သည်။ နောက် တစ်နေ့တွင် အဆိုပါစားသောက်ဆိုင်၏ ပိုင်ရှင် ဖြစ်သူလာမည်ဖြစ်၍ ဆိုင်တစ်ဆိုင်လုံး အလုပ်များနေခဲ့ ပါတယ်။ မကြာခင်မှာပဲ စားသောက်ဆိုင်ပိုင်ရှင် ရောက် လာခဲ့ရာ Ani မှာတော်တော်အံ့သြော ခဲ့ရပါတယ်။ ထိုစားသောက်ဆိုင် ပိုင်ရှင်မှာ တစ်ခြားသူမဟုတ်ဘဲ Ani တွေ့ခဲ့သော လယ်သမား ကြီးပင်ဖြစ်သည်။ ထိုစား သောက်ဆိုင် ပိုင်ရှင်မှ Ani အားခေါ်ယူ၍ စားသောက်ဆိုင်မှ မထွက်ခင်ပြောခဲ့သော စကားကိုပြန်လည်ပြောဆို၍ အလုပ်မှ ထုတ်လိုက်ပါတယ်။