ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီခြေစမ်းပွဲ(၄)ပွဲကစားဖို့စီစဉ်ထားတဲ့ အင်္ဂလန်အသင်း
15 Jan 2018 1,506 Views

နည်းပြဆောက်ဂိတ်ဦးဆောင်တဲ့ အင်္ဂလန်လက်ရွေးစင်အသင်းကတော့ (၂၀၁၈) ဇွန်လ(၁၄)ရက်နေ့မှာစတင် ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲ(၄)ပွဲထိကစားဖို့စီစဉ်ရှိနေတာဖြစ်ပါတယ်။အင်္ဂလန်အသင်းဟာ (၂၀၁၈)ကမ္ဘာကဖလားပြိုင်ပွဲမှာ အုပ်စု(G)မှာ ဘယ်ဂျီယံ၊ ပနားမား၊ တူနီးရှားအသင်းတို့နဲ့ အတူ အုပ်စုတစ်ခုတည်းကျရောက်နေပြီး ဇွန်လ(၁၈)ရက်နေ့မှာ တူနီးရှားအသင်းနဲ့ အုပ်စုအဖွင့်ပွဲစဉ်အဖြစ်ယှဉ် ပြိုင်ကစားရမှာဖြစ်ပါတယ်။ အင်္ဂလန်အသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီမှာ အသင်းကိုကြိုတင်ပြင်ဆင် တဲ့အနေနဲ့ ခြေစမ်းပွဲ(၄)ပွဲထိကစားဖို့ စီစဉ်ခဲ့တာဖြစ်ပြီး အသင်းကြီး(၂)သင်းအပါအ၀င် ခြေစွမ်းပိုင်းမာကျောတဲ့ အသင်း(၂)သင်းနဲ့ ခြေစမ်းကစားဖို့စီစဉ်ခဲ့ထားပါတယ်။
အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလာပြိုင်ပွဲကိုဝင်ရောက် ယှဉ်ပြိုင်ခွင့်မရခဲ့တဲ့ နယ်သာလန်၊ အီတလီအသင်းတို့အပြင် အသင်းလိုက်ကစားပုံအရမာကျောတဲ့ ကော်စ တာရီကာ၊ နိုင်ဂျီးရီးယားအသင်းတို့နဲ့ခြေစမ်းပွဲကစားမှာဖြစ်ပါတယ်။ အင်္ဂလန်အသင်းအနေနဲ့ နယ်သာလန်နဲ့ပွဲ စဉ်ကို အဝေးကွင်းမှာသွားရောက်ကစားမှာဖြစ်ပြီး အီတလီ၊ နိုင်ဂျီးရီးယား၊ ကော်စတာရီကာအသင်းတို့ကိုတော့ အိမ်ကွင်းမှာလက်ခံကစားမှာဖြစ်ပါတယ်။ နယ်သာလန်အသင်းနဲ့ပွဲစဉ်ကိုတော့ (၂၀၁၈) မတ်လ(၂၃)ရက်မှာ နယ်သာလန်နိုင်ငံ အင်စတာဒမ်မြို့မှာယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ထိုပွဲစဉ်အပြီး(၄)ရက်အကြာ မတ်လ(၂၇)ရက်မှာ တော့ ၀င်ဘလေကွင်းမှာ အီတလီအသင်းနဲ့ယှဉ်ပြိုင်ကစားဖို့ရှိနေပါတယ်။ အဆိုပါပွဲစဉ်(၂)ပွဲအပြီးမှာတော့ ဇွန် လ(၂)ရက်မှာ နိုင်ဂျီးယားအသင်းကို ၀င်ဘလေကွင်းအတွင်းမှာ လက်ခံယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဇွန်လ(၇)ရက် မှာ ကော်စတာရီကာအသင်းနဲ့ကစားဖို့စီစဉ်ထားပါတယ်။
.jpg)
