ဆယ်ကျော်သက်အရွယ် ကိုးရီးယားနာမည်ကြီး မော်ဒယ်မလေး
11 Jan 2018 1,853 Views
ကိုးရီးယားနိုင်ငံမှာရှိတဲ့ အသက် ၁၀ နှစ်အရွယ်ကောင်မလေး Kim Gyu Ri ဟာ သူမရဲ့ ဓာတ်ပုံစားတဲ့မျက်နှာ နဲ့ ကင်မရာရှေ့မှာ သရုပ်ပြပေးနိုင်တဲ့ ပါရမီထူးတွေကြောင့် ချက်ချင်းပဲ ကိုးရီးယားနိုင်ငံ လူမှုကွန်ယက်မှာ နာမည်ကြီးသွားခဲ့ပါတယ်။
သူမကို စက်တင်ဘာလ ၁၅ ရက်၊ ၂၀၀၈ ခုနှစ်မှာ တောင်ကိုးရီးယားနိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ သူမရဲ့ လှပတဲ့ အရုပ်မျက်လုံးတွေဟာ နာမည်ကြီး သရုပ်ဆောင်အဆိုတော် IU နဲ့တူတယ်လို့ ပြောဆိုနေကြပါ တယ်။
သူမဟာ ငယ်ငယ်လေးကတည်းက မော်ဒယ်ပြုလုပ်နေခဲ့ပြီး သူမဟာ နာမည်ကြီး ကလေးအကျီ င်္ တော်တော် များများအတွက် ကြော်ငြာပေးခဲ့ပါတယ်။
တခြားတောင်ကိုးရီးယား မော်ဒယ်တွေလိုပါပဲ သူမရဲ့ ဖျော့တော့တဲ့အသားအရည်၊ အရုပ်နဲ့တူတဲ့ ခန္ဓာကိုယ် သွင်ပြင်တွေကြောင့် နာမည်ကြီးလှပါတယ်။
လူအများစုက သူမမှာ သရုပ်ဆောင်လုပ်ဖို့အတွက် တောက်ပတဲ့ အနာဂတ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ သူမရဲ့ များပြားလှတဲ့ ပိရိသတ်တွေနဲ့ မော်ဒယ် စောစောဖြစ်မှုကြောင့် အနာဂတ်မှာ နာမည်ကြီး မော်ဒယ် ဖြစ်လာ မှာ သေချာပါတယ်။
တောင်ကိုးရီးယားကလေးအ၀တ်အစားဈေးကွက် ကျယ်ပြန့်လာတဲ့အတွက် ကလေးမော်ဒယ်တော်တော်များများ နေရာရနေကြပြီး ဒီလိုအားသာချက်တွေရတဲ့ ကလေးမော်ဒယ်တွေမှာ Kim Gyu Ri လည်းပါဝင်ပါတယ်။
သူမဟာ နာမည်ကြီးကလေးမော်ဒယ်တွေထဲက တစ်ယောက်ဖြစ်လာပြီး သူမရဲ့ ချစ်စရာမျက်နှာလေးကို ကိုးရီးယားလူမှုကွန်ယက်မှာသာမက မီဒီယာများကပါ ချီးကျူးထားကြပါတယ်။