BEC-TERO TV

ကော်တင်ဟိုကိုနေရာ(၃)နေရာမှာ အသုံးပြုဖို့စီစဉ်နေတဲ့ ဗယ်ဗာဒီ

10 Jan 2018     1,430 Views


ဘာစီလိုနာ နည်းပြဖြစ်သူဗယ်ဗာဒီဟာ အသင်းထံရောက်ရှိလာတဲ့ ကော်တင်ဟိုကို အသင်းရဲ့ကစားကွက် အခင်းအကျင်းအပြောင်းအလဲမှ နေရာ(၃)မှာ အသုံးပြုဖို့စီစဉ်နေတာဖြစ်ပါတယ်။နည်းပြဗယ်ဗာဒီဟာ ဘာစီလိုနာအသင်းထံကိုရောက်ရှိချိန်မှာ အသင်းရဲ့ကစားကွက်အခင်းအကျင်းကိုအပြောင်း အလဲပြုလုပ်ထားပြီး သူ့ရဲ့လက်ထက်မှာ (၄-၃-၁-၂) ကစားကွက်နဲ့ (၄-၄-၂)ကစားကွက်အခင်းအကျင်းတို့ကို အများဆုံးအသုံးပြုခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်နွေဈေးကွက်မှာခေါ်ယူခဲ့တဲ့ ကစားသမားတွေဖြစ်တဲ့ ပေါ်လင်ဟို ဒမ်ဘီလီတို့မှ ပေါ်လင်ဟိုကို ကွင်းလယ်မှာသာ အသုံးများခဲ့ပေမယ့် တိုက်စစ်ပိုင်းက ဒမ်ဘီလီကိုတော့ နေရာ (၃)နေရာလောက်မှာ အသုံးပြုခဲ့ပါတယ်။ နည်းပြဗယ်ဗာဒီဟာ ဒမ်ဘီလီကို (၄-၃-၃)အခင်းအကျင်း အသုံးပြုတဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး(၃)ဦးနေရာမှ တိုက်စစ်ဘယ်ခြမ်းနဲ့ တိုက်စစ်ညာခြမ်းတို့မှာအသုံးပြုပြီး (၄-၄-၂)အခင်း အကျင်းအသုံးပြုတဲ့ပွဲစဉ်တွေမှာတော့ ညာတောင်ပံကစားသမားအဖြစ် အသုံးပြုနေတာဖြစ်ပါတယ်။
 
 
 
လက်ရှိမှာ လည်း ကော်တင်ဟိုကို နေရာ(၃)နေရာလောက်ထိ အသုံးပြုဖို့စီစဉ်နေပြီး အသင်းရဲ့ကစားဟန်ကို ပြောင်းလဲဖို့ ဆန္ဒရှိနေပါတယ်။ ကော်တင်ဟိုဟာ ကွင်းလယ်တိုက်စစ်ပိုင်းမှာသာမက တောင်ပံကစားသမားနေရာမှာလည်း ပါဝင်ကစားနိုင်သူဖြစ်ပြီး လီဗာပူးအသင်းမှာ ကစားခဲ့စဉ်ကလည်း အဆိုပါနေရာ(၂)နေရာမှာ စွမ်းဆောင်ရည် ကောင်းတွေပြသနိုင်ခဲ့သူဖြစ်ပါတယ်။ နည်းပြဗယ်ဗာဒီဟာ ကော်တင်ဟိုကို (၄-၃-၃)၊ (၄-၄-၂)နဲ့ (၄-၃-၁-၂) ကစားကွက်အခင်းအကျင်း(၃)ခုစလုံးမှာ အသုံးပြုဖို့စီစဉ်နေပြီး ကော်တင်ဟိုဟာ (၄-၃-၃) အခင်းအကျင်းမှာ အသင်းခေါင်းဆောင် အင်နီယေစတာမပါဝင်ပါက ဘက်စ်ကွက်၊ ရာကီတစ် (သို့) ပေါ်လင်ဟိုတို့နဲ့ တွဲဖက်ကစား ရဖို့ရှိနေပါတယ်။
 
 
ဒါပေမယ့်လည်း ဗယ်ဗာဒီဟာ အင်နီယေစတာပါဝင်မယ့် (၄-၃-၃)အခင်းအကျင်းမှာတော့ ကော်တင်ဟိုဟာ တိုက်စစ်မှူး(၃)နေရာမှ တိုက်စစ်ဘယ်ခြမ်းနဲ့ တိုက်စစ်ညာခြမ်းတို့မှာ အသုံးပြုဖို့စီစဉ်ထားတာ ဖြစ်ပါတယ်။ အဆိုပါကစားကွက်အခင်းအကျင်းမှာတော့ ကော်တင်ဟိုနဲ့ ဒမ်ဘီလီတို့ဟာ ပွဲထွက်ကစားသမား နေရာအတွက် ပြိုင်ဆိုင်ရဖွယ်ရှိနေပြီး ကွင်းလယ်ပိုင်းမှာလည်း ရာကီတစ်နဲ့ ပေါ်လင်ဟိုတို့ဟာ ပွဲထွက်ကစား သမားနေရာအတွက် ပြိုင်ဆိုင်ရဖို့ရှိနေပါတယ်။

10 Jan 2018     1,430 Views




RELATED

Most Popular of Football

Most Popular of Sport