BEC-TERO TV

ပြည်ပကတင်သွင်းတဲ့ကားတွေရဲ့ နေရာမှာပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့ ဘရန်းနယူးကားလေးတွေက အခု ၂၀၁၈ခုနှစ်မှာတဖြည်း ဖြည်းနေရာယူလာမယ်

08 Jan 2018     1,303 Views


 ပြည်ပကတင်သွင်းတဲ့ကားတွေရဲ့ နေရာမှာပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့ ဘရန်းနယူးကားလေးတွေက အခု ၂၀၁၈ခုနှစ်မှာတဖြည်း ဖြည်းနေရာယူလာမယ်လို့ ကားဈေးကွက်နဲ့ ကားလုပ်ငန်းရှင်အချို့က သုံးသပ်ပါတယ်။မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရောင်းချသူများအသင်း (MAMDA) ရဲ့ တာဝန်ရှိသူ၊ KL Seven Auto Service Co.,Ltd ပိုင်ရှင် ဦးကြည်သာ ဟန်က ‘ပြည်တွင်းမှာ SKD/ CKD စနစ်နဲ့ တပ်ဆင်ထုတ်လုပ်တဲ့ ဘရန်းနယူးကားတွေကို စိတ်ဝင်စားတာများလာတယ်၊ ဘယ်လောက်အထိစိတ်ဝင်စားသလဲဆိုရင် ဆူဇူကီးဘရန်း နယူးကားရှိုးရွမ်းတိုင်းမှာ သုံးလေးလလောက်အထိ အော်ဒါစောင့်ပြီးဝယ်ယူလာတဲ့ အနေအထားဖြစ်လာတယ်၊ ၂၀၁၈ ကားဈေးကွက်ဟာ ဘရန်း နယူးကားတွေဘက်ကို ဦးတည်နေတယ်လို့ ဆိုတယ်။
 
 
၂၀၁၈ ခုနှစ်ဟာ ဘယ်မောင်းကားသစ်တွေလမ်းတွေပေါ်မှာနေရာယူလာမယ့်နှစ်ပါ။ အခုချိန်မှာ ဂျပန်ညာမောင်းကားတွေဈေးအမြင့် ရောက်ရှိနေပေမဲ့ သုံးစွဲသူတွေရဲ့ ရွေးချယ်မှုအတိုင်းအဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ ဈေးကွက်မှာ ဘရန်းနယူးတွေနေရာယူလာနေတဲ့အတွက် ကားဟောင်းဈေးနှုန်း သည်ထက်ထပ်မြင့်တက်လို့ မရတော့ပါဘူး။ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းရဲ့တွဲဘက်အတွင်းရေးမှူး၊ KMT Services Co., Ltd ရဲ့ မန်နေးဂျင်း ဒါရိုက်တာ ဦးကျော်မင်းထွန်း က ‘၂၀၁၇ နှစ်ကုန်ပိုင်းကစပြီး ဆူဇူကီးရှိုရွမ်းဖွင့်ဖို့ကြိုးစားဖြစ်တယ်၊ ရှိုးရွမ်းနှစ်ခုဖွင့်ပြီး ရောင်းအားတွေကောင်းနေတဲ့ ကိုကြည်သာဟန်ကို အားကျပြီး သူငယ်ချင်းတွေစုပြီး ဖွင့်မှာ၊ ရွှေပြည်သာ၊ စက်မှုဇုန် (၃) ပုလဲလမ်းမကြီးပေါ်မှာ ရှိုးရွမ်းကိုတည်ဆောက်ထားပြီ၊ နောက်လထဲမှာဖွင့်မှာပါလို့ ပြောပါတယ်။
 
 
ဂျပန်ညာမောင်းကားတွေ ပါမစ်လျှောက်ထားခွင့်မရှိတော့ပေမဲ့ ကားတင်သွင်းဖို့ကိုတော့ခြောက်လပိုင်းထိခွင့်ပြုထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ မှာလည်း တစ်ပတ်ရစ်ကားတွေအများကြီးသွင်းထားပြီးပါပြီ။ ၂၀၁၄ မော်ဒယ်လ်အထက်ကလည်း ဈေးနှုန်းမြင့်မားတဲ့အတွက်တင်သွင်းတဲ့သူနည်းသွားမှာပါ။ ဂျပန်ညာမောင်းကားတွေရဲ့ နေရာမှာအစီးရေတိုးမြင့် ထုတ်လုပ်တဲ့ ဘရန်းနယူးကားတွေက ဖိအားနဲ့ဝင်ရောက် လာတော့မှာ ဖြစ်တယ်။ ၂၀၁၈ ဈေးကွက်အပြောင်းအလဲကြားမှာ ဂျပန်ညာမောင်းတစ်ပတ်ရစ်ကားတွေကို ဝယ်ရောင်းတွေအနေနဲ့ ဘယ်လိုကိုင်တွယ်ရောင်းချကြမလဲဆိုတာကလည်းချိန်ဆတတ်မှုတွေရဲ့ ရလဒ်အဖြေတစ်ခုအနေနဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။
 
Soure>>> kumudranews

08 Jan 2018     1,303 Views




RELATED

Most Popular of Special or Others

Most Popular of NEWS