BEC-TERO TV

အက်သလက်တီကိုအတွက် ပွဲဦးထွက်ပွဲစဉ်တိုင်းဂိုးသွင်းယူထားတဲ့ ဒီယေဂိုကော်စတာ

08 Jan 2018     1,436 Views


အက်သလက်တီကိုမက်ဒရစ်အသင်းကို တစ်ကျော့ပြန်ရောက်ရှိခဲ့ပြီး စတင်ပွဲထွက်ခွင့်ရရှိခဲ့တဲ့ ပွဲစဉ်မှာပဲ သွင်းဂိုး သွင်းယူခဲ့တဲ့ ဒီယေဂိုကော်စတာကတော့ အသင်းအတွက် ပွဲဦးထွက်ပွဲစဉ်တိုင်း သွင်းဂိုးသွင်းယူထားတာဖြစ်ပါ တယ်။
ဒီယေဂိုကော်စတာဟာ အက်သလက်တီကိုမက်ဒရစ်အသင်းထံကို ပြီးခဲ့တဲ့နှစ်နွေရာသီအပြောင်းအရွေ့က တည်းက တစ်ကျော့ပြန်ပြောင်းရွေ့ခဲ့သူဖြစ်ပြီး အသင်းရဲ့အပြောင်းအရွေ့ပိတ်ပင်ခြင်းခံထားရတဲ့ အခြေနေ ကြောင့်ယခုနှစ်ဇန်န၀ါရီမှသာ ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
 
 
ဒီယေဂိုကော်စတာကတော့ စပိန်ဘုရင့်ဖ လားပြိုင်ပွဲ(၁၆)သင်းအဆင့်၊ ပထမအကျော့ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ပေါ်တီယူအသင်းနဲ့ အဝေး ကွင်းပွဲစဉ်မှာ အသင်းအတွက်ပွဲဦးထွက်ပွဲစဉ်အဖြစ်ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ သူဟာ အဲဒီပွဲစဉ်ရဲ့ ပွဲချိန်(၆၄)မိနစ်မှာ လူစားဝင်ခွင့်ရရှိခဲ့ပြီး ပွဲချိန်(၆၉)မိနစ်မှာ သွင်းဂိုး(၁)ဂိုးသွင်းယူခဲ့ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်း ဟာ အဲဒီပွဲစဉ်မှာ ဂိုဒင်၊ တောရက်စ်၊ ဒီယေဂိုကော်စတာနဲ့ ဂရစ်မန်းတို့ရဲ့သွင်းဂိုးတွေကြောင့် (၄)ဂိုး ဂိုးမရှိနဲ့အ နိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်တက်ရောက်ဖို့ အနီးစပ်ဆုံးအခြေနေကိုရောက်ရှိသွားခဲ့ပါတယ်။
 
 
အက်သလက်တီကို အတွက် ပွဲဦးထွက်ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဒီယေဂိုကော်စတာဟာ (၂၀၁၀)ခုနှစ်ကပါဝင် ကစားခွင့်ရရှိခဲ့တဲ့ ပွဲဦးထွက်ပွဲစဉ်မှာလည်း သွင်းဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ ကော်စတာဟာ (၂၀၁၀-၁၁)ဘောလုံးရာသီ စက် တင်ဘာလ(၂၆)ရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဇာရာဂိုဇာအသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ အဂူရိုရဲ့နေရာမှာ လူးစာဝင်ခွင့်ရရှိပြီး ပွဲချိန်မိနစ်(၂၀)မှာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့တာဖြစ်ပါ တယ်။ ဒီယေဂိုကော်စတာဟာ အက်သလက်တီကိုမက်ဒရစ်အသင်းမှာ (၂၀၁၀-၁၁)ဘောလုံးရာသီမှ (၂၀၁၃-၁၄) ဘောလုံးရာသီအထိပါဝင်ကစားထားခဲ့ပြီး လာလီဂါပွဲစဉ်(၉၄)ပွဲပါဝင်ကစား၊ သွင်းဂိုး(၄၃)ဂိုးသွင်းယူနိုင်ခဲ့ဖြစ်ပါ တယ်။
 
 

08 Jan 2018     1,436 Views




RELATED

Most Popular of Football

Most Popular of Sport