နည်းပညာသစ်ဖြင့်ထုတ်လုပ်မည့် Nissan ကားအသစ်
06 Jan 2018 1,337 Views
နာမည်ကြီး ကားကုမ္ပဏီ တစ်ခုဖြစ်တဲ့ Nissan မှ ကားမောင်းသူတွေ အန္တရာယ်ကင်းစေဖို့ ဦးနှောက် လှိုင်းများကို အသုံးပြုပြီး ကားမောင်းနှင်နိုင်တဲ့ နည်းပညာကို ဇန်န၀ါရီလ ၃ ရက်နေ့က တရားဝင်ကြေညာခဲ့ပါ တယ်။ ဒီနည်းပညာကြောင့် ကားဘရိတ်အုတ်ခြင်း ၊ နောက်ဆုတ်ခြင်းနှင့် တခြား လုပ်ဆောင်ခြင်းများတွင် သာမန်ထက် ၀.၄ သို့မဟုတ် ၀.၅ စက္ကန့်ပိုင်း ပိုမိုလျှင်မြန်စွာ လုပ်မယ်လို့ ဆိုပါတယ်။
Nissan ကားကုမ္ပဏီမှ အဆိုပါနည်းပညာကို ယခုလာမည့် အပတ်တွင် လာ့စ်ဗေးဂတ်စ်၊ နီဗာဒါမှာ အစမ်း ပြသသွားမည်လို့ဆိုပါတယ်။ Nissan ကားကုမ္ပဏီ ကိုယ်စားလှယ်တစ်ဦးက “ ဒီနည်းပညာ ကိုကျွန်တော်တို့က စတင်စမ်းသပ်နေဆဲပါ၊ ဒီနည်းပညာကို အသုံးပြုပြီး ကားတွေကို ထုတ်လုပ်နိုင်ဖို့ကတော့ အနည်းဆုံး၅ နှစ်နဲ့ ၁၀ နှစ်ကြားကြာဦး မှာပါ” လို့ပြောကြားခဲ့ ပါတယ်။