သွားတိုက်ပုံဖြန့်ဝေသူများအား ဥပဒေအရအရေးယူသွားမယ်ဆိုတဲ့ G-Fatt
05 Jan 2018 2,047 Views
နိုင်ငံကျော် HipHopတေးသံရှင်G-fatt ၏လျှပ်တပြက်သွားတိုက်နေပုံအားလူမှုကွန်ယက်ပေါ်တွင်ကာယကံရှင်၏ခွင့်ပြုချက်မပါပဲphotoshopများနှင့်တွဲစပ်ကာလုပ်ဆောင်နေမှုနှင့်ပတ်သတ်၍G-fattက
“ဒါကျနော့ရဲ့အောင်မြင်မှုကိုမနာလိုသူတွေကဖျက်လိုဖျက်ဆီးလုပ်လိုလို့သပ်သပ်အပုပ်ချပြီးလုပ်ဆောင်နေတာလို့ကျနော်ယူဆတယ်။ဒါကြောင့်ကျနော့ရဲ့ခွင့်ပြုချက်မပါဘဲသွားတိုက်နေတဲ့ပုံကိုလူမှုကွန်ယက်ပေါ်တင်နေကြသူအားလုံးကိုလိုက်လံစုံစမ်းဖော်ထုတ်သွားမှာပါ။စတင်အသုံးပြုသူကိုဖော်ထုတ်ပြီးးဆက်သွယ်ရေးဥပဒေအရတရားစွဲဆိုသွားမှာပါ။
ဒါဟာကျနော့ပရိတ်သတ်ရှေ့မှာကျနော့သိက္ခာကိုကျဆင်းအောင်လုပ်ဆောင်မှုဖြစ်လို့လုံးဝခွင့်မလွတ်နိုင်ပါဘူး” လို့ အင်တာဗျူးတစ်ခုမှာ ဒေါသတကြီးပြောကြားခဲ့ပါတယ်။ ။
G-fattအနေဖြင့်ယခုအချိန်တွင်မည့်သည့်ဖြေရှင်းမှုကိုမှလက်ခံနိုင်မည်မဟုတ်ကြောင်း စုံစမ်းဖော်ထုတ်မှုပြီးစီးပါကဥပဒေအရထိရောက်စွာအရေးယူမည်ဖြစ်ကြောင်းထပ်မံပြောကြားခဲ့ပါတယ် ။
Credit: Myanmar cele news