တရုပ်အာကာသစခန်း ပျက်ကျသောအပိုင်းစများ မတ်လအတွင်း ကမ္ဘာမြေပေါ်သို့ ကျရောက်မည်
03 Jan 2018 1,387 Views
တရုပ်နိုင်ငံ၏ ပထမဦးဆုံးအားကသစခန်း “တိုင်ဂွန်း-၁” ၂၀၁၆ ခုနှစ် စက်တင်ဘာလထဲတွင် ပျက်ကျခဲ့ရာ အာကာသစခန်း၏ အပိုင်းအစများ ကမ္ဘာမြေပြင်ပေါ်သို့ လာမည့်လများအတွင်း ထိမှန်ကျရောက်မည်ဖြစ်ကြောင်း သတိပေးပြောကြားထားသည်။
သို့သော် လူပေါ်သို့ ပြုတ်ကျထိမှန်တိုင်သည့် အလားအလာအလွန်နည်းပါသဖြင့် မစိုးရိမ်ကြရန်လည်း ထုတ်ပြန်ကြေညာခဲ့သည်။ ကယ်လီဖိုးနီးယား အာကာသဆိုင်ရာ ကော်ပိုရေးရှင်းတစ်ခုက “တိုင်ဂွန်း-၁” ဟာ လာမည့် မတ်လ အလယ်တွင် ကမ္ဘာ့လေထုအတွင်း ဝင်လာဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။
အာကာသတွင်းအင်အားယှဉ်ပြိုင်မှုအဖြစ် တရုပ်နိုင်ငံက “နိဗ္ဗာန်ဘုံ” ဟု အဓိပ္ပါယ်ရသည့် “တိုင်ဂွန်း-၁” ကို ၂၀၁၁ ခုနှစ်က အာကာသဆိုင်ရာ လေ့လာမှုများ ပြုလုပ်ရန် လွှတ်တင်ခဲ့သည်။ “တိုင်ဂွန်း-၁” ၏ သက်တမ်းကို နှစ်နှစ်သာ သတ်မှတ်ထားခဲ့သော်လည်း တရုပ်အာဏာပိုင်များက လေ့လာမှုများပိုမို ပြုလုပ်နိုင်ရန် နှစ်နှစ်ခွဲကြာ ခိုင်းစေခဲ့သည်။
၂၀၁၆ ခုနှစ် စက်တင်ဘာလမှာတော့ တရုပ်အာကာသအင်ဂျင်နီယာဌါနချုပ်မှ “တိုင်ဂွန်း-၁” ဟာ ကမ္ဘာမြေပေါ် အထိန်းအကွပ်မဲ့စွာ ပြန်လည် ပြုတ်ကျလာပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ကမ္ဘာပေါ်ကျလာမည်ဟု ခန့်မှန်းထားခဲ့သည်။
အာကာသအေဂျင်စီက ပျက်ကျလာသော အာကသစခန်း၏ အစိတ်အပိုင်းအတော်များများမှာ ပွတ်တိုက်အားကြောင့် အာကာသအတွင်း မီးလောင်ပျက်ဆီးသွားနိုင်ပြီး ကမ္ဘာမြေပေါ်သို့ ကျရောက်မည့်အစိတ်များမှာ သေးငယ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ခန့်မှန်းတွက်ချက်မှုများအရ ပြုတ်ကျမည့်နေရာမှာ သမုဒ္ဒရာအတွင်းဖြစ်ဖို့များသော်လည်း အမေရိကန်၊ ဘရာဇီးနှင့် တရုပ်နိုင်ငံတို့ပေါ်လည်း ဖြတ်ကျော်နိုင် ပြုတ်ကျနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။