BEC-TERO TV

ဘောလုံးလောကမှာ တန်ဖိုးအကြီးဆုံးနောက်ခံလူဖြစ်လာခဲ့တဲ့ ဗန်ဒိုက်

02 Jan 2018     1,318 Views


လီဗာပူးလ်အသင်းဟာ ဆောက်သမ်တန်အသင်းနောက်ခံလူဗန်ဒိုက်ကိုပြောင်းရွှေ့ကြေးပေါင်(၇၅)သန်း အထိအသုံးပြုကာခေါ်ယူခဲ့ပြီး ဘောလုံးသမိုင်းတစ်လျှောက် တန်ဖိုးအမြင့်ဆုံးနောက်ခံလူဖြစ်လာခဲ့ပါတယ်။
ဆောက်သမ်တန်အသင်းရဲ့ နယ်သာလန်နောက်ခံလူဗန်ဒိုက်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ကတည်းက လီဗာပူးလ်အသင်းနဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ယခုဇန်န၀ါရီအပြောင်းအရွှေ့မှ အသင်းထံ အရောက်ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာနောက်ခံလူဗန်ဒိုက်အတွက် ပြောင်းရွှေ့ကြေးပေါင် (၇၅)သန်းအထိ အသုံးပြုခဲ့ရပြီး ဘောလုံးလောကမှာ တန်ဖိုးအကြီးဆုံးနောက်ခံလူ ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ တန်ဖိုးအမြင့်ဆုံးနောက်ခံလူ အပြောင်းအရွှေ့ဖြစ်ခဲ့တဲ့ မန်ဒီရဲ့ပြောင်းရွှေ့ ကြေး(၅၂)သန်းကိုကျော်လွန်ခဲ့ပြီး ကလပ်အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးလည်း ဖြစ်လာခဲ့ပါတယ်။ လီဗာ ပူးလ်အသင်းရဲ့ ယခင်ကစံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ အန်ဒီကာရိုးရဲ့ပေါင်(၃၈)သန်းစံချိန်ကို ကျော်ဖြတ်ပြီး ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်လာပါတယ်။
 
 
ဗန်ဒိုက်ဟာ ဆောက်သမ်တန်အသင်းမှ လီဗာပူးလ်အသင်း ကိုပြောင်းရွှေ့ခဲ့တဲ့ (၆)ယောက်မြောက်ကစားသမား ဖြစ်လာခဲ့ပြီး လီဗာပူးလ်အသင်းဟာ လယ်လာနာ၊လိုဗရန်၊ လမ်းဘတ်၊ကလိုင်းနဲ့ မာနေးတို့ကိုလည်း ဆောက်သမ်တန်အသင်းမှ ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ် အသင်းဟာ ဆောက်သမ်တန်အသင်းမှ ကစားသမားတွေခေါ်ယူရာမှာ ပေါင်(၁၆၆.၅)သန်းအထိ အသုံးပြုထား ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ လမ်းဘတ်အတွက်ပေါင်(၄)သန်း၊ လယ်လာနာအတွက်ပေါင်(၂၅) သန်း၊ လိုဗရန်အတွက် ပေါင်သန်း(၂၀)၊ ကလိုင်းအတွက် ပေါင်(၁၂.၅)သန်းနဲ့ မာနေးအတွက် ပေါင်သန်း(၃၀) အသုံးပြုထားခဲ့ပါတယ်။
 
 
လီဗာပူးလ်ဟာ တိုက်စစ်စွမ်းဆောင်ရည် ကောင်းမွန်တဲ့အသင်းဖြစ်ပေမယ့် ခံစစ်ပိုင်းမှာ အားနည်းချက်တွေရှိနေပြီး ယခုလိုဗန်ဒိုက်ကို အသင်းထံအရောက်ခေါ်ယူနိုင်ခဲ့တာဟာ ခံစစ်ပြဿနာကိုဖြေရှင်း နိုင်မလားဆိုတာကတော့ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။ ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ လီဗာ ပူးလ်အသင်းအနေနဲ့ ပွဲစဉ်(၂၀)ယှဉ်ပြိုင်ကစားအပြီး (၄၆)ဂိုးအထိသွင်းယူထားနိုင်ခဲ့ပေမယ့် ပေးဂိုး(၂၃)အထိ ခွင့်ပြုထားခဲ့ရတာဖြစ်ပါတယ်။ နည်းပြဂျာဂန်ကလော့ဟာလည်း ခံစစ်ပိုင်းပြဿနာအတွက် အဖြေရှာနေတာ ကြောင့် ဗန်ဒိုက်ရောက်ရှိလာခြင်းမှာအသင်းရဲ့ခံစစ်ပိုင်းကိုတော့ ပိုမိုအင်အားတောင့်တင်းလာစေမှာဖြစ်ပါတယ်။ ဗန်ဒိုက်ကိုခေါ်ယူဖို့ စိတ်ဝင်စားခဲ့တဲ့အသင်းတွေမှာ လီဗာပူးလ်အသင်းအပြင် ပရီးမီးယားလိဂ်ပြိုင်ဘက် မန်စီး တီးအသင်းလည်းပါဝင်ခဲ့ပြီး လီဗာပူးလ်အသင်းက ကစားသမားကို လက်ဦးမှုရယူကာ အရခေါ်ယူနိုင်ခဲ့တာဖြစ်ပါ တယ်။ ဗန်ဒိုက်ဟာ လာမယ့်ဇန်နဝါရီလ(၂)ရက်နေ့မှာ အသင်းသစ်ဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ လာရောက်ပူး ပေါင်းဖို့ရှိနေပါတယ်။
 

02 Jan 2018     1,318 Views




RELATED

Most Popular of Football

Most Popular of NEWS