BEC-TERO TV

၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် စူပါမွန်းကို တစ်ညထဲတွင် အရောင်နှစ်မျိုးနဲ့ မြန်မာနိုင်ငံမှ မြင်တွေ့မြင်ရမည်

30 Dec 2017     1,362 Views


၂၀၁၈ ခုနှစ်၏ ပထမဦးဆုံးလ ဖြစ်သော ဇန်နဝါရီလ (၃၁)ရက်နေ့တွင် လကို စူပါမွန်းအဖြစ် အကြီးစားမြင်တွေ့ရမည်ဖြစ်ပြီး ထူးခြားသည်မှာ အရောင်နှစ်မျိုးနဲ့ မြင်တွေ့ရမည်ဟု NASA မှ ပြောကြားခဲ့သည်။

ယခုတစ်ကြိမ် ထပ်မံမြင်တွေ့ရမည့် လမှာ ၂၀၁၇ ဒီဇင်ဘာလ (၃)ရက်နေ့က မြင်တွေ့ခဲ့ရသော စးပါမွန်းထက် ပိုမိုကြီးမားမည်ဖြစ်ပြီး ကမ္ဘာမြေနဲ့ မိုင်ပေါင်း ၁၆,၅၀၀ တွင် ပေါ်ထွက်လာမည်ဖြစ်သည်။

ဇန်နဝါရီလ ၃၁ ရက်နေ့တွင် မြင်တွေ့ရမည့် လမှာ ပုံမှန်လပြည့်ညများထက် ၁၄% ပိုမိုကြီးမားမည်ဖြစ်ပြီး ၃၀% ပိုလင်းမည်ဖြစ်ပြီး လစထွက်လာသည့်အချိန်မှ လကြတ်မည့်အချိန်ထိ လကို အပြာရောင်၊ အနီရောင်အဖြစ် အရောင်နှစ်မျိုးနဲ့ တွေ့မြင်ရမည်ဖြစ်သည်။
လထွက်လာချိန်တွင် အပြာရောင်အဖြစ် နီးကပ်စွာမြင်တွေ့ရမည်ဖြစ်ပြီး လကြတ်ချိန်နီးကပ်လာလေလေ လ၏အရောင်မှာ နီညိုရောင်သို့ တဖြည်းဖြည်း ပြောင်းလဲသွားမည်ဖြစ်သည်။

စူပါမွန်းကို ကြည့်ရန်အကောင်းဆုံးအချိန်မှာ နေဝင်ပြီးကာစ လထွက်လာချိန်နဲ့ လက မိုးကုတ်စက်ဝိုင်းမှ ပြန်ဝင်သွားချိန်တို့ ဖြစ်ကြောင်း ပြောကြားထားသည်။ စူပါမွန်း စတင်ထွက်ပေါ်လာမည့်အချိန်မှာ (11:48Am UTC) ဟုဖော်ပြထားကာ မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် တွေ့မြင်ရမည်ဖြစ်သည်။


တစ်ညထဲတွင် အရောင်နှစ်ရောင် ပြောင်းလဲသွားမည့် စူပါမွန်းကို အစအဆုံးတွေ့မြင့်ရမည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံလဲ အပါအဝင်ဖြစ်သည်။ စူပါမွန်းကို ကြည့်ရှုခြင်းကြောင့် မည်သည့် အန္တရာယ်မှ မရှိသည့်အတွက် မျက်မှန်အကာကွယ်များ တပ်ဆင်ရန် မလိုပဲ မျက်လုံးသက်သက်ဖြင့်လည်း ကြည့်ရှုနိုင်ကြောင်း ထုတ်ပြန်ထားသည်။


စူပါမွန်းကို နောက်တစ်ကြိမ် မြင်တွေ့နိုင်ရန် ၂၀၃၄ ခုနှစ်ပိုင်းမှသာ ဖြစ်နိုင်မည်ဟု ခန့်မှန်းပြောကြားထားသည့်အတွက် အခွင့်အရေးကို လက်လွတ်မခံပဲ ဓါတ်ပုံဆရားများ အနေနဲ့လည်း ကင်မရာအသင့်ပြင်ထားရန် သတင်းကောင်းပါးလိုက်ပါသည်။


30 Dec 2017     1,362 Views




RELATED

Most Popular of Special or Others

Most Popular of NEWS