ဇန်န၀ါရီမှာ ငွေလမ်းခင်းပြီးကစားသမားတွေအပြိုင်ခေါ်ယူကြဦးမယ့် ပရီးမီးယားလိဂ်အသင်းများ
28 Dec 2017 1,395 Views
ဆောင်းရာသီအပြောင်းအရွှေ့ကတော့ လာမယ့် (၂၀၁၈) ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့မှာဖွင့်လှစ်တော့မှာဖြစ် ပြီး၊ ရာသီဝက်ပြင်ဆင်မှုအနေနဲ့ ပရီးမီးယားလိဂ်နာမည်ကြီးကလပ်အသင်းတွေဟာ ကစားသမားကောင်းတွေကို ငွေကြေးများစွာပေးကာခေါ်ယူကြဦးမှာဖြစ်တယ်လို့သိရပါတယ်။ဇန်န၀ါရီအပြောင်းအရွှေ့ရောက်ရှိဖို့အတွက် ရက်ပိုင်းလောက်သာလိုအပ်တော့တာကြောင့် အပြောင်းအရွှေ့မှာ အသင်းပြောင်းရွှေ့ဖို့အတွက် နာမည်ကြီးကစားသမားတွေအနေနဲ့ ဆိုင်းပြင်လာခဲ့ကြတာဖြစ်ပါတယ်။ လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ အသင်းပြောင်းရွှေ့ဖို့အတွက်သတင်းတွေထွက်ပေါ်နေခဲ့တဲ့ကစားသမားတွေထဲမှာ နာမည်ကြီးကစားသမားတွေဖြစ်ကြတဲ့ ဆန်းချက်ဇ်၊ ဒေးဗစ်လူးဝစ်ဇ်၊ အမ်ခစ်တာယန်းအစရှိတဲ့ကစားသမားတွေ ပါဝင်နေသလို၊ အန်ဇွန်ဇီ၊ ဗန်ဒိုက်၊ အစ္စကိုအစရှိတဲ့ကစားသမားတွေလည်းပါဝင်နေခဲ့တာဖြစ်ပါတယ်။ လက်ရှိပ ရီးမီးယားလိဂ်ရဲ့အမှတ်ပေးဇယားကိုဦးဆောင်နေခဲ့တဲ့မန်စီးတီးအသင်းဟာ လာမယ့်အပြောင်းအရွှေ့မှာ ဆန်း ချက်ဇ်နဲ့ ဗန်ဒိုက်တို့ကိုခေါ်ယူလိုနေပြီး၊ အသင်းကိုအားဖြည့်မှုတွေပြုလုပ်ဖို့စီစဉ်နေတာဖြစ်ပါတယ်။
မန်ယူအ သင်းကလည်း အသင်းရဲ့ကစားသမားတွေဖြစ်ကြတဲ့ လုခ်ရှော၊ အမ်ခစ်တာယန်း၊ ဒါလေဘလိုင်းနဲ့ ဒါမီယန်တို့ ကိုရောင်းချပြီး၊ ကစားသမားသစ်များစွာခေါ်ယူအားဖြည့်ဖို့အတွက်စီစဉ်နေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်လာမယ့် အပြောင်းအရွှေ့မှာ အားဖြည့်မှုအများဆုံးပြုလုပ်မယ့်အသင်းအဖြစ် အာဆင်နယ်အသင်းကရပ်တည်နေပြီး၊ အာ ဆင်နယ်အသင်းဟာ အဓိကကစားသမားတွေဖြစ်ကြတဲ့ အိုဇေးလ်နဲ့ ဆန်းချက်ဇ်တို့ကိုစာချုပ်သစ်ထပ်မံချုပ်ဆို နိုင်ခြင်းမရှိသေးတာကြောင့် အဆိုပါကစားသမားတွေရဲ့နေရာကိုအစားထိုးနိုင်ဖို့အတွက် ဘာစီလိုနာအသင်း ကွင်းလယ်လူအာဒါတူရန်နဲ့ လိုင်ယွန်အသင်းကစားသမားဖက်ကီတို့ကိုခေါ်ယူဖို့စီစဉ်နေသလို၊ ဆီးဗီးလားအ သင်းကွင်းလယ်လူ အန်ဇွန်ဇီတို့ကိုလည်းခေါ်ယူဖို့သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။
ယခင်နှစ်တွေက ရာသီတစ်ခုရဲ့အပြောင်းအရွှေ့ (၂) ခုမှာ နွေရာသီအပြောင်းအရွှေ့မှာသာခေါ်ယူမှုအများဆုံးပြုလုပ်ခဲ့ပေမယ့် လည်း လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့မှာတော့ ကစားသမားသစ်တွေကိုငွေလမ်းခင်းကာခေါ်ယူဖို့အ တွက်ပြင်ဆင်နေကြတာဖြစ်ပါတယ်။ အခြားသောအသင်းတွေဖြစ်ကြတဲ့ ချယ်လ်ဆီး၊ လီဗာပူးလ်အသင်းနဲ့ စပါးစ် အသင်းတို့ကတော့ ဆောင်းရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေခေါ်ယူဖို့သတင်းတွေထွက်ပေါ်ခြင်း မရှိသေးတာဖြစ်ပါတယ်။ လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့ကတော့ ဇန်န၀ါရီလ (၁) ရက်နေ့ကနေ ဇန်န၀ါ ရီလ (၃၁) ရက်နေ့အထိ (၁) လတိတိဖွင့်လှစ်ထားမှာဖြစ်ပြီး၊ ဆောင်းရာသီပွဲကျပ်တွေယှဉ်ပြိုင်ကစားနေရတဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းအများစုက အပြောင်းအရွှေ့မှာဦးတည်လှုပ်ခပ်သွားဖို့ရှိနေတာဖြစ်ပါတယ်။