BEC-TERO TV

ရာသီဝက်ချန်ပီယံရဲ့ နောက်ထပ်တက်လှမ်းရဦးမယ့် မိုင်တိုင်များ

28 Dec 2017     1,394 Views


(၂၀၁၇-၁၈) ဘောလုံးရာသီရဲ့ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ လက်ရှိမှာပထမအကျော့ပွဲစဉ်တွေပြီးဆုံး သွားခဲ့ပြီး၊ ရာသီဝက်ချန်ပီယံအဖြစ်ရပ်တည်နေခဲ့တဲ့မန်စီးတီးအသင်းအတွက် နောက်ထပ်စံချိန်မှတ်တမ်း ကောင်းတွေဆက်လက်ရေးထိုးနိုင်ဖို့အတွက် စိန်ခေါ်မှုများစွာရှိနေသေးတယ်လို့သိရပါတယ်။(၂၀၁၇-၁၈) ဘောလုံးရာသီရဲ့ရာသီဝက်ချန်ပီယံအဖြစ်ရပ်တည်နိုင်ခဲ့တဲ့ မန်စီးတီးအသင်းဟာ ပရီးမီး ယားလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲဆက်မှုအများဆုံးစံချိန်တစ်ခုကိုတင်ထားနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ချယ်လ်ဆီးအ သင်းတို့ရဲ့စံချိန်တစ်ခုကိုချိုးဖြတ်ထားခဲ့တာဖြစ်ပါတယ်။ လက်ရှိမန်စီးတီးအသင်းကတော့ ပွဲစဉ် (၁၉) ပွဲယှဉ်ပြိုင် ကစားပြီးချိန်မှာ (၁၈) ပွဲနိုင်၊ (၁) ပွဲသရေ ၊ ရမှတ် (၅၅) မှတ်နဲ့ အနီးစပ်ဆုံးပြိုင်ဘက်မန်ယူအသင်းကို ရမှတ် (၁၃) မှတ်အထိဖြတ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမန်စီးတီးအသင်းရဲ့အမှတ်ပေးဇယားကိုဦးဆောင်နိုင်မှု ဟာ ပြီးခဲ့တဲ့နှစ်ကချန်ပီယံဆုကိုရယူနိုင်ခဲ့တဲ့ရာသီတွေထက် အကောင်းမွန်ဆုံးနှစ်တစ်နှစ်အဖြစ်သတ်မှတ်ရမှာ ဖြစ်ပါတယ်။
 
 
ဒါ့အပြင်ပရီးမီးယားလိဂ်ရဲ့အခြားသောစံချိန်ကောင်းတစ်ခုအဖြစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရာသီ ၀က်ချန်ပီယံအဖြစ်ရပ်တည်နိုင်တဲ့အသင်းဟာ ရာသီအကုန်မှာချန်ပီယံဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့ စံချိန်မှတ်တမ်း ကောင်းတွေရှိခဲ့ဖူးပြီး၊ လက်ရှိမန်စီးတီးအသင်းကလည်း အနီးစပ်ဆုံးပြိုင်ဘက်မန်ယူအသင်းကို ရမှတ် (၁၃) မှတ်လောက်အထိဖြတ်ထားနိုင်ခဲ့တာကြောင့် ရာသီကုန်မှာချန်ပီယံဆုကိုဆွတ်ခူးနိုင်ဖို့အတွက် အခြေအနေ ကောင်းနေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၆-၁၇) ဘောလုံးရာသီမှာချန်ပီယံဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့ ချယ်လ်ဆီး အသင်းနဲ့ (၂၀၁၅-၁၆) ဘောလုံးရာသီမှာ ချန်ပီယံဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့ လက်ခ်ျစတာစီးတီးအသင်းတို့ဟာ ခရ စ္စမတ်ကာလမှာ အမှတ်ပေးဇယားကိုဦးဆောင်နိုင်ခဲ့ပြီး၊ ရာသီကုန်မှာချန်ပီယံဆုကိုရယူနိုင်ခဲ့ဖူးတဲ့ သာဓကတွေ ရှိခဲ့ဖူးတာဖြစ်ပါတယ်။ လက်ရှိနည်းပြဂွါဒီယိုလာဟာ ရာသီကုန်မှာမိမိတို့အသင်းချန်ပီယံဖြစ်ဖို့အတွက် ရေပန်းအ စားဆုံးအသင်းအဖြစ်ရပ်တည်နေပေမယ့်လည်း မိမိတို့အသင်းအနေနဲ့ စံချိန်ကောင်းတစ်ခုကိုလိုက်မှီနိုင်ဖို့အ တွက်ကတော့ခက်ခဲဦးမှာဖြစ်ပါတယ်လို့ ၀န်ခံပြောကြားထားခဲ့တာဖြစ်ပါတယ်။
 
 
ဂွါဒီယိုလာအနေနဲ့ စံချိန်ကောင်း တစ်ခုကိုလိုက်မှီနိုင်ဖို့အတွက်ခဲယဉ်းမယ့်စံချိန်တစ်ခုကတော့ (၂၀၀၃-၀၄) ဘောလုံးရာသီက အာဆင်နယ်အ သင်းတင်ထားခဲ့တဲ့ ရှုံးပွဲမရှိတဲ့စံချိန်နဲ့ချန်ပီယံဆုကိုရယူနိုင်ခဲ့တဲ့စံချိန်ကောင်းတစ်ခုဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့တြာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ (၂၀၀၃-၀၄) ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် (၃၈) ပွဲယှဉ်ပြိုင်ကစားခဲ့ရာမှာ (၂၆) ပွဲနိုင်၊ (၁၂) ပွဲသရေနဲ့ ရှုံးပွဲမရှိခဲ့ပဲ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုရယူနိုင်ခဲ့တာဖြစ် ပါတယ်။ မန်စီးတီးအသင်းဟာ ပထမရာသီဝက်ပွဲစဉ်တွေပြီးဆုံးချိန်မှာ အသင်းကြီးတွေအားလုံးကိုအနိုင်ရရှိ အောင်ကစားနိုင်ခဲ့ပေမယ့်လည်း ဒုတိယရာသီဝက် မှာတော့ အာဆင်နယ်၊ လီဗာပူးလ်အသင်းနဲ့ စပါးစ်အသင်း တို့ကိုအဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်တာကြောင့် ရှုံးပွဲမရှိတဲ့စံချိန်ကောင်းတစ်ခုနဲ့ချန်ပီယံဆုကိုရယူ နိုင်မလားဆိုတဲ့အချက်တွေက စိတ်ဝင်စားဖွယ်ကောင်းနေခဲ့တာဖြစ်ပါတယ်။
 
 

28 Dec 2017     1,394 Views




RELATED

Most Popular of Football

Most Popular of NEWS