BEC-TERO TV

အမှတ်ပေးဇယားထိပ်ဆုံးမှအသင်းတွေ ရမှတ်ပြတ်နဲ့ဦးဆောင်နေတဲ့ဥရောပထိပ်တန်းလိဂ်များ

27 Dec 2017     1,419 Views


(၂၀၁၇-၂၀၁၈)ခုနှစ်ဘောလုံးရာသီရဲ့ ရာသီဝက်ကာလကုန်ဆုံးခါနီးချိန်မှာတော့ ဥရောပထိပ်တန်းလိဂ် တွေဖြစ်ကြတဲ့ ပရီးမီးယားလိဂ်၊လာလီဂါ၊ဘွန်ဒက်လီဂါနဲ့လီဂူးတို့ရဲ့ အမှတ်ပေးဇယားထိပ်ဆုံးကအသင်းတွေဟာ ရမှတ်အသာနဲ့ဦးဆောင်နေပါတယ်။
 
ဥရောပထိပ်တန်းလိဂ်တွေမှာရာသီဝက်ချန်ပီယံဖြစ်မယ့်အသင်းတွေထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး အမှတ်ပေး ဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့အသင်းတွေက ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်၊ လာလီဂါ၊ ဘွန်ဒက်လီဂါနဲ့လီဂူးတို့လိုဥရောပထိပ်တန်းလိဂ်တွေမှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေကြတဲ့အသင်း တွေဟာ ပြိုင်ဘက်အသင်းတွေရဲ့အထက်မှာ ရမှတ်အသာနဲ့ဦးဆောင်နေဆဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယား အဆင့်(၁)နေရာမှာရှိနေတဲ့မန်စီးတီးအသင်းဟာ အဆင့်(၂)နေရာမှာရပ်တည်နေတဲ့မန်ယူအ သင်းအပေါ် (၁၃)မှတ်အထိအမှတ်ဖြတ်ပြီး ဦးဆောင်နေတာဖြစ်ပါတယ်။
 
 
လာလီဂါမှာတော့ ဘာစီလိုနာ အသင်းက ရမှတ်(၄၅)မှတ်နဲ့အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေခဲ့ပြီး အဆင့်(၂)နေရာက အက်သ လက်တီကိုမက်ဒရစ်အသင်းကို (၉)မှတ်အထိအမှတ်ဖြတ်နေတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာလည်း ယခုနှစ်ဘောလုံးရာသီမှာရှုံးပွဲလုံးဝမရှိသေးတဲ့အသင်းဖြစ်ပြီး လာလီဂါပွဲစဉ်(၁၇)ပွဲမှာ(၁၄)ပွဲအထိအနိုင်ရရှိခဲ့ကာ (၃)ပွဲသရေရလဒ်ရရှိခဲ့တာဖြစ်ပါတယ်။ဥရောပအကောင်းဆုံးကလပ်အသင်းစာရင်းမှာလည်း နံပါတ်(၁)နေရာ မှာရပ်တည်နိုင်ခဲ့တာဖြစ်ပြီး ဘာစီလိုနာဟာ တိုက်စစ်ပိုင်းမှာရော၊ခံစစ်ပိုင်းမှာပါ အကောင်းဆုံးပုံစံ ရရှိနေတာ ဖြစ်ပါတယ်။ ဘွန်ဒက်လီဂါမှာတော့ ချန်ပီယံဆုအတွက် ဘိုင်ယန်မြူးနစ်အသင်းကသာစိုးမိုးထားဆဲဖြစ်ပြီး အမှတ်ပေးဇယား မှာရမှတ်(၄၁)မှတ်နဲ့ ဆက်လက်ဦးဆောင်နေကာ ဒုတိယနေရာကရှော်ကေးအသင်းကို ရမှတ်(၁၁)မှတ်အထိ ဖြတ်ထားနိုင်တာဖြစ်ပါတယ်။
 
 
ပြင်သစ်ထိပ်တန်းလိဂ်ဖြစ်တဲ့လီဂူးမှာတော့ PSGအသင်းက ရမှတ်(၅၀)နဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေပြီး ဒုတိယနေရာကမိုနာကိုအသင်းကို ရမှတ်(၉)မှတ်အထိဖြတ် ထားနိုင်ခဲ့ပါတယ်။ စီးရီးအေမှာတော့ အမှတ်ပေးဇယားထိပ်ပိုင်းက အသင်းတွေဟာ ရမှတ်ကွာဟမှုကျဉ်မြောင်း ကာအမှတ်ပေးချန်ပီယံဆုအတွက် အကြိတ်အနယ်ရှိနေခဲ့ပြီး အမှတ်ဇယားအဆင့် (၁)နေရာကနာပိုလီအသင်း ကရမှတ်(၄၅)မှတ်၊ အဆင့်(၂)နေရာကဂျူဗင်တပ်အသင်းက(၄၄)မှတ်၊ အဆင့်(၃)နေရာမှအင်တာမီလန်အ သင်းက ရမှတ်(၄၀)ရရှိထားတာဖြစ်ပါတယ်။
 
 

27 Dec 2017     1,419 Views




RELATED

Most Popular of Football

Most Popular of Sport