BEC-TERO TV

ပြဒါးလူသားစက်ရုပ် ဖန်တီးနိုင်ကြောင်း သိပ္ပံပညာရှင်များ စမ်းသပ်ပြသ

27 Dec 2017     1,809 Views


လက်ရှိသိပ္ပံပညာရပ်ဟာ ခေတ်နဲ့အမှီ ပြောင်းလဲတိုးတက်လာတဲ့အတွက် စိတ်ကူးယဉ်ခဲ့တဲ့ အရာတွေကို အကောင်အထည်ဖော်နိုင်တဲ့ အခြေအနေအထိ ရောက်လာခဲ့ပါပြီ။ မကြာသေးခင်ကထွက်ရှိခဲ့တဲ့ သတင်း တစ်ပုဒ်အရ သိပ္ပံပညာရှင်တွေ ဖြစ်ကြတဲ့ Harvard နဲ့ Yale တို့ဟာ Jurassic Park ထဲကလို တကယ့်ဒိုင်နိုဆောအစစ်တွေကို ပြန်ဖန်တီးမယ့် အကြောင်းတွေ့ခဲ့ရပါတယ်။

ယခုလည်း အလားတူပုံစံမျိုး Terminator ကားထဲမှာ ပါဝင်တဲ့ ဇာတ်ကောင် ပြဒါးလူသားပုံစံမျိုး ဟာလက်တွေ့မှာ တစ်ကယ်ဖြစ်နိုင်ကြောင်း သက်သေပြလိုက် နိုင်ပါပြီ။

Sussex နဲ့ Swansea တက္ကသိုလ်နှစ်ခုက သုတေသနပညာရှင်တွေဟာ သတ္တုအရည်တွေကို လျှပ်စစ်စီးစေခြင်းဖြင့် လိုသလိုပုံသွင်းနိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ပညာရှင်အဖွဲ့ရဲ့အဆိုအရ  ဒီလိုမျိုး လိုသလိုပုံသွင်းနိုင်တဲ့ သတ္တုအသစ်ဟာ ပျော့ပျောင်းတဲ့ စက်ရုပ်တွေကို ဖန်တီးနိုင်တဲ့ အလားအလာရှိတယ်လို့ သိရပါတယ်။

Sussex တက္ကသိုလ်က သုတေသနပညာရှင် Yutaka Tokuda က ဒီလိုမျိုးပုံစံ ပြောင်းလဲထားတဲ့ သတ္တုအသစ်ဟာ အရည်ဖြစ်နေတဲ့ အခြေအနေမှာ အစက်လေး တစ်စက်ကနေပြီးတော့ အခြားရှုပ်ထွေးတဲ့ ပုံစံများစွာအဖြစ် ပြောင်းလဲနိုင်ကြောင်း၊ လက်ရှိအခြေအနေမှာတော့ 2D ပုံသဏ္ဍန်သာ ဖန်တီးနိုင်သေးပြီး နောက်ပိုင်းမှာတော့ ကွန်ပျူတာ ဂရပ်ဖစ်ပိုင်းတွေ၊ သေးငယ်တဲ့ စက်ပစ္စည်းအမျိုးအစားတွေနဲ့ စက်ရုပ်တွေအဖြစ် ဖန်တီးနိုင်မယ်လို့ ဆိုခဲ့ပါတယ်။

ဒါ့အပြင် DailyAccord မှာပါတဲ့ စာစောင်အရ ဒီပစ္စည်းတွေကို ကွန်ပျူတာနဲ့တဆင့် ထိန်းချုပ်ထား တဲ့အတွက် အဝေးကနေပုံစံပြောင်းနိုင်ကြောင်း ရေးသားခဲ့ပါတယ်။ နောင်တစ်ချိန်မှာ မင်းသားကြီးအာနိုးပါဝင်တဲ့ Terminator ဇာတ်ကားထဲက ပြဒါးလူသားတွေ အပြင်မှာ တစ်ကယ်ရှိလာနိုင်မလားဆိုတာ စောင့်ကြည့်ရပါဦးမည်။


27 Dec 2017     1,809 Views




RELATED

Most Popular of Special or Others

Most Popular of NEWS