BEC-TERO TV

၂၀၁၇ က unlucky year ပါဆိုတဲ့ ရွှေပိုးအိမ်

26 Dec 2017     1,384 Views


မကြာခင်က သူများအိမ်ထောင်ရေးဖြိုခွဲတယ်ဆိုတဲ့ ဝေဖန်မှုများစွာ ခံခဲ့ရတဲ့ေ၇ွှပိုးအိမ် ဟာ အနုပညာနဲ့ ပတ်သတ်ပြီး စိတ်ဓာတ်ကျစရာတွေများပါတယ် ။ တစ်ခါတလေ ဒီအလုပ်ကို အရမ်းစိတ်တွေညစ်နေတဲ့ အချိန်မှာ ဆက်ပြီးမလုပ်တော့ဘူးလို့ စိတ်ကူးတဲ့ အချိန်တွေတောင်ရှိပါတယ် ။ဒါပေမယ့် လည်း ကိုယ်ကအောက်ခြေကနေ အရမ်းကို ၀ါသနာပါလွန်းလို့ လုပ်ဖြစ်လာတာဆိုတော့ အခု ပရိသတ်တွေလည်း နည်းနည်းသိလာတဲ့အချိန်မှာတော့ အမှန်အတိုင်းပြောရရင် ဒီအလုပ်ကိုမစွန့်လွှတ်နိုင်ပါဘူး ။ အားပေးတဲ့ ပရိသတ်တွေကိုလည်း အားပေးရကျိုးနပ်အောင် ပိုပြီးကြိုးစားသွားမယ် ။ ရှေ့ဆက်ပြီး အလုပ်တွေဆက်လုပ်သွားမယ် ။ စိတ်ဓာတ်ကျတဲ့အချိန်ကတော့ လူတိုင်းလိုလိုရှိမယ်ထင်ပါတယ် ။

အလုပ်တွေ ပြန်လုပ်ချင်တဲ့ စိတ်တွေပေါ်လာအောင်အဓိကကတော့ မိသားစု နဲ့ ပရိသတ်တွေပါပဲ ။ ဒီနှစ်ထဲမှာတော့ အလုပ်တွေလည်း ကောင်းကောင်း လုပ်လို့မရပါဘူး ။ ဒီနှစ်က unlucky year ပါပဲ ။ ၂၀၁၈ မှာတော့ အရင်ကထက် ပိုကောင်းအောင်နေထိုင်သွားမယ် ။

ဝေဖန်မှုတွေကြောင့် မိသားစု တွေကတော့ စီးပွားရေးပဲ လုပ်စေချင်ကြတယ် ။ ဒီအလုပ်ကိုတော့ ကိုယ်က ဆက်မခံနိုင်မှာ စိုးလို့ ဆက်မလုပ်စေချင်တော့ဘူး ။ စိတ်ဓာတ်ကျတဲ့ အချိန်တွေဆို ရူးတောင်ရူးသွားနိုင်တယ် ။  အဲ့ဒါကြောင့် မိသားစု ကလည်း ဖိအားမပေးဘူး ကိုယ်ဒီအလုပ်ကို ဆက်လုပ်ရင်လည်း လက်ခံကူညီပေးပါတယ် ။ မိသားစု ကတော့ ညီမ ကောင်းတာလုပ်လုပ်ဆိုးတာ လုပ်လုပ် မျှခံမယ် ။ အဲ့ဒါကြောင့် ဒီအလုပ်ကို ဆက်လုပ်မယ် ။

ညီမကို မိဘတွေက အရမ်းချစ်တယ် ။ အငယ်ဆုံးလည်း ဖြစ်တော့ အမေဆိုရင် comment တစ်ကြောင်းတွေ့တာနဲ့ ငိုတယ် ညီမ စိတ်မကောင်းဘူး ။ တစ်ခါတစ်လေ ကြရင် အကြောင်းတခုက မှားတာလည်း ရှိတယ် ၊ မှန်တာလည်း ရှိတယ်  ၊ အကျိုးလည်း ရှိတယ် ၊ အကြောင်းလည်း ရှိတယ် ၊ ပြောပြလို့ မရတာတွေလည်းရှိတယ် ။ သာမန် မိန်းကလေး တစ်ယောက်ဆိုရင် ကိုယ်ဒေါသထွက်တာကို လွတ်လွတ်လပ်လပ်ထုတ်ဖော်လို့ရတယ် ၊ ငိုပိုင်ခွင့်ရှိတယ် ။ အနုပညာ အလုပ်ကို လုပ်တဲ့ အချိန်ကျတော့ ပြောချင်တိုင်းပြောလို့မရဘူး ။ အများကြီး ဆင်ခြင်ရတယ် ။ အမေ နဲ့ မိသားစုကိုပြောတယ် ။ ဒီအလုပ်ကို ဆက်လုပ်မယ် ။ ခံနိုင်ရည် ရှိအောင် ကြိုးစားပေးပါလို့ မိသားစု ကိုပြောတယ် ။ အပြောခံရကျိုးနပ်အောင် အောင်မြင်အောင်လုပ်မယ်လို့ ပြောလိုက်ပါတယ် ။ ဝေဖန်မှုတွေကိုတော့ ပြန်လည် မတုံ့ပြန်ပါဘူး အရမ်းကို စိတ်ထိခိုက်နေတဲ့အချိန်မှာ တုံ့ပြန်လိုက်ရင် မှားသွားနိုင်ပါတယ် ။ သူ့အလိုလို အဆင်ပြေသွားမယ့် အချိန်ကို စောင့်နေတာပါ ။” ဆိုပြီး ပြောထားပါတယ် ။

Credit:democracy 


26 Dec 2017     1,384 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment