အရင်တစ်ယောက်ထက်ပိုပြီး ချစ်နိုင်မယ့်သူမျိုးကျမှ ဘ၀လက်တွဲဖော်ရွေးမယ် ဆိုတဲ့ အိုင်ရင်း
26 Dec 2017 1,323 Views
နှစ်ကုန်ပိုင်းရောက်လာတဲ့ အညီ အနုပညာရှင်တွေကိုလည်း ၂၀၁၇ အဖြစ်အပျက်တွေသုံးသပ်ချပ်တွေကနေ အိုင်ရင်းကလည်း “၂၀၁၇ ကတော့ အိုင်ရင်းအတွက် အကြီးကြီးပြောင်းလဲစေတဲ့ နှစ်ပါ ။ အိုင်ရင်းကို တံခါးခေါက်ခံလိုက်ရတယ်လို့ ပြောရမှပေါ့ ။ အိုင်ရင်း အိမ်ထဲမှာ ရှိတဲ့ ပစ္စည်းတခုကသူများကို ပေးလိုက်ရတာမျိုးရှိတယ် ။ ပြီးသွားတဲ့ အခါမှာ အိုင်ရင်း ကိုယ်တိုင်ကိုယ့်ဘ၀ ကိုယ် အဆိုးတွေနဲ့ မဖြတ်သန်းတော့ဘဲနဲ့ ကိုယ့်ကိုကိုယ် အကောင်းမွန်ဆုံး ရပ်တည်နိုင်ဖို့အတွက် ဆုတောင်းခြင်းတွေနဲ့ မိဘ ရဲ့ဖေးမမှုတွေ ၊ မေတ္တာတွေနဲ့ ပြန်ပြိးရပ်တည်ခဲ့တယ် ။ အဲ့ဒိတော့ ၂၀၁၇ က အိုင်ရင်းအတွက်အကြီးမားဆုံးပြောင်းလဲမှုတွေအများကြီးရင်ဆိုင်ခဲ့ရတယ် ။
အချစ်သစ်နဲ့ ပတ်သတ်ပြီးတော့လည်း အချစ်ဆိုတာကတော့ နှစ်ဦးနှစ်ဖက် ညီညီမျှမျှပဲ ကောင်းတယ် ။ အိုင်ရင်ကတော့ အချစ်ဆိုတဲ့ အရာမှာ ကိုယ်နဲ့ ထပ်တူ ထပ်မျှကျမယ့် လူမျိုးမှပဲ လက်တွဲဖြစ်မယ် ထင်တယ် ။ လောလောဆယ်မှာတော့ အိုင်ရင်းမှာ အချစ်ဆိုတာမရှိတော့ဘူး ။ အချိန်ကာလ အနေနဲ့ဆိုရင်လည်း ၅ လလောက်ပဲ ရှိသေးတယ် ။ နောက်တခုက အိုက်ရင်း သူများ သားသမီးကို ကိုယ့်ရဲ့ ခံစားချက်လေး သက်သာရုံလောက်နဲ့ အစားမထိုးချင်ဘူး ။ ကိုယ်ကိုယ်တိုင်လည်း အစားမထိုးချင်ဘူး ။ ကိုယ်တကယ်ချစ်တဲ့ ၊ အရင်ကတစ်ယောက်ထက်ပိုပြီးတော့ ချစ်နိုင်မယ့် သူမျိုးကျမှပဲ အိုင်ရင်း ရွေးချယ်မှာပါ ။ အစားထိုးရုံ သက်သက် ၊ ကိုယ့်စိတ်သက်သာရုံ သက်သက် အတွက်နဲ့ အိုင်ရင်း ဘယ်သူ့ကိုမှ အသုံးမချပါဘူး” ဆိုပြီး ပြောသွားခဲ့ ပါတယ် ။
Credit:popular