BEC-TERO TV

Broken family ကနေအောင်မြင်လာတဲ့ဘ၀ဇာတ်ကြောင်းကိုရုပ်ရှင်အဖြစ်ပုံဖော်မယ့် အိမ့်ချစ်

26 Dec 2017     1,309 Views


ပရိသတ်အားပေးမှုများပြီးလူငယ်ပရိသတ်ကြားအရမ်းအောင်မြင်အိမ့်ချစ်က သူမရဲ့ အောင်မြင်မှုနော်ကကွယ်က ဘ၀ဇာတ်ကြောင်းတွေကို 2018 /  2019 လောက်မှာ ရုပ်ရှင်အဖြစ်ပုံဖော်သွားမယ်လို့လဲသိရပါတယ် ။

“အိမ့်ချစ် ရုပ်ရှင်ရိုက်ကူးမှာကတော့ အဓိကအောင်မြင်မှုနောက်ကွယ်ဆိုတာလေးကို အခြေခံပြီးတော့ ရိုက်ကူးမှာဖြစ်ပါတယ် ။ အဓိကပေးချင်တဲ့  message က broken family တစ်ခုလည်းဖြစ်တယ် ။ အောင်မြင်နေတဲ့မိသားစု တစ်ခုလည်းဖြစ်တဲ့အခါမှာ ကြုံတွေ့ရတတ်တဲ့ အခက်အခဲတွေပေါ့ နောက်ပြီး အာ့လိုမိသားစုထဲက မိန်းကလေးတစ်ယောက် အောင်မြင်မှု တစ်ခုကို ရရှိဖို့ ဒီလမ်းကြောင်းကို လျှောက်တဲ့ အခါမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ။ လူတွေရဲ့အထင်သေးမှုတွေ စော်ကားခံရတာတွေ ဖြစ်ပျက်သွားတက်တဲ့ စိတ်အခြေအနေလေးတွေပေါ့ ။ အဲ့ဒါတွေကို အိမ်ထောင်ကွဲဖို့ လွယ်လွယ်စဉ်းစားကြတဲ့မိသားစုတွေ အတွက် အသိပညာလေး ထည့်ပေးချင်တာပါ ။ ဒီလိုမျိုး မိသားစုတွေ ပြိုကွဲကြတဲ့ အခါမှာ သားသမီးတွေ ဘယ်လို ခံစားရလဲ ။ ဘယ်လိုတွေ ဖြစ်တယ် ဆိုတာလေးကို message လေးပေးချင်တဲ့ အတွက် ရုပ်ရှင်ရိုက်ဖို့ စီစဉ်တာပါ” ဆိုပြီး ပြောထားပါတယ် ။

credit:popular 


26 Dec 2017     1,309 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment