ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့ ဆက်တိုက်ဇာတ်ကားတွေရိုက်ကူးမယ့် ခင်ဇာခြည်ကျော်
22 Dec 2017 1,441 Views
အကယ်ဒမီသရုပ်ဆောင်ခင်ဇာခြည်ကျော်ရဲ့ ကြယ်တံခွန်ရုပ်ရှင်ထုတ်လုပ်ရေးကနေ၂၀၁၈ မှာ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးသွားမယ်လို့ပြောပါတယ်။ “အစ်မရဲ့ထုတ်လုပ်ရေးကနေ ရုပ်ရှင်ဇာတ်ကားတွေကို ဆက်တိုက်ရိုက်ကူးသွားမယ်။ အခုလည်း အစ်မရဲ့ထုတ်လုပ်ရေးကနေ ကျေးလက်ဟာသဇာတ်ကားတစ်ကား ရိုက်ကူးပြီးသွားပါပြီ၊ ဆင်ဆာလည်းကျပြီ၊ ရုံတင်ဖို့ပဲကျန်တော့တယ်။ နောက်ထပ်ဒရာမာဇာတ်လမ်းပေါ့။ စီးရီးဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးဖို့ရှိပါတယ်။ “နေရယ်၊ လရယ်၊ အမှန်တရားရယ်”ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲ(၂) ပါ။ အတွဲ(၁)တုန်းကလည်း အောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွဲလေးကို ဒါရိုက်တာဦးအောင်ကိုလတ်နဲ့ပဲ ရိုက်ကူးသွားမယ်။ တခြားဇာတ်ကားတွေကိုလည်း ၂၀၁၈ ထဲမှာ ဆက်တိုက်ဆိုသလိုလေးတွေ ရိုက်ဖို့တွေရှိပါတယ်
လတ်တလော “တန်ဖိုး”အမည်ရှိတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထား ပြီး “ ဒီတန်ဖိုးဇာတ်ကားကတော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ပညာပေးဇာတ်ကားပါ။ အစ်မက ထွန်းထွန်းရဲ့အစ်မနေရာကနေ သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကောင်ကတော့ ရိုးရိုးလေးပါပဲ။ ထူးခြားတာတစ်ခုကတော့ ဒါရိုက်တာ John La Raw နဲ့ ကိုးရီးယားရုပ်ရှင်အတတ်ပညာရှင်တွေ ပူးပေါင်းဖန်တီးမှာဖြစ်တဲ့အတွက် ပိုမိုကောင်းမွန်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်လာမှာပါ” လို့ ပြောပါတယ်။
တန်ဖိုးရုပ်ရှင်ဇာတ်ကားကြီးကို ရန်အောင်၊ ဇင်ဝိုင်း၊ ထွန်းထွန်း၊ မို့မို့မြင့်အောင်၊ အေးမြတ်သူနဲ့အတူ ခင်ဇာခြည်ကျော်က ပါဝင်သရုပ်ဆောင်နေတာဖြစ်ပြီး၊ ကြယ်တံခွန်ထုတ်လုပ်ရေးကနေ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရုံတင်ဖို့ရှိတယ်” ဆိုပြီးပြောထားပါတယ် ။