ဆန်တီယာဂိုမြို့မှာဆောက်လုပ်မယ့်ကလေးဆေးရုံအတွက် လှူဒါန်းမှုတွေပြုလုပ်မယ့် စီရော်နယ်ဒို
22 Dec 2017 1,425 Views
ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (Ballon d’Or) ကို ပူပူနွေနွေးရရှိထားခဲ့တဲ့ ရီးရဲယ်လ်မက်ဒရစ်အသင်း တိုက်စစ်မှူးစီရော်နယ်ဒိုဟာ ချီလီနိုင်ငံ၊ ဆန်တီယာဂိုမြို့မှာဆောက်လုပ်သွားမယ့် ကလေးဆေးရုံအတွက်လှူ ဒါန်းမှုများစွာပြုလုပ်သွားမယ်လို့သိရပါတယ်။ ဘောလုံးကွင်းအတွင်းမှာခြေစွမ်းကောင်းတွေပြသပြီး၊ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (Ballon d’Or) ကို (၅) ကြိမ်တိုင်တိုင်ရယူထားခဲ့တဲ့စီရော်နယ်ဒိုဟာ ကွင်းပြင်ပမှာလည်း လှူဒါန်းမှုများစွာပြုလုပ်လေ့ရှိသူတစ် ဦးပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလ (၄) ရက်နေ့က The Sun အားကစားသတင်းစာရဲ့ကောက်နုတ်ဖော်ပြမှုအ ရ ဘောလုံးကွင်းပြင်ပမှာ အခြားသောစီးပွားရေးလုပ်ငန်းတွေနဲ့ အောင်မြင်နေတဲ့ကစားသမားစာရင်းရဲ့ နံပါတ် (၅) နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ လက်ရှိမှာလည်း အင်္ဂလန်အခြေစိုက် Daily Mail အားကစားသတင်း စာရဲ့ဖော်ပြမှုအရ စီရော်နယ်ဒိုဟာ အီတလီနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ အဲလက်စ်ဆန်ဒရိုနဲ့ပူး ပေါင်းကာ (၂၀၂၀) ခုနှစ်မှာ အဆိုပါကလေးဆေးရုံကိုအပြီးဆောက်လုပ်သွားဖို့အတွက် စီစဉ်ထားခဲ့တာဖြစ်ပါ တယ်။
စီရော်နယ်ဒိုနဲ့ အဲလက်စ်ဆန်ဒရိုတို့ဟာ လက်ရှိမှာဆောက်လုပ်မယ့်ကလေးဆေးရုံသာမက တောင်အ မေရိကတိုက်ရဲ့လူနေထူထပ်တဲ့မြို့တွေမှာပါ အခြားသောဆေးရုံတွေဆောက်လုပ်သွားဖို့အတွက် စီစဉ်ထားခဲ့ တာဖြစ်တယ်လို့ Daily Mail အားကစားသတင်းစာကထပ်မံဖော်ပြခဲ့တာဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ Save the Children , Unicef နဲ့ World Vision အဖွဲ့အစည်းတွေရဲ့ သံတမန်အဖြစ် ခန့်အပ်ခြင်းခံထားခဲ့ရပြီး၊ အဆိုပါအဖွဲ့အစည်း (၃) ခုစလုံးကို စီရော်နယ်ဒိုအနေနဲ့ ပုံမှန်လှူဒါန်းမှုတွေကိုမကြာမ ကြာပြုလုပ်လေ့ရှိတာဖြစ်ပါတယ်။
စီရော်နယ်ဒိုအနေနဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကိုရယူနိုင်ခဲ့တာ ကြောင့် ပျော်ရွှင်မှုတွေဟာအတိုင်းမသိဖြစ်ပေါ်နေသလို၊ လက်ရှိမှာကလေးဆေးရုံသစ်ဆောက်လုပ်ဖို့အတွက် ငွေကြေးများစွာလှူဒါန်းမှုတွေပြုလုပ်သွားဖို့ဟာလည်း ယခင်ကတည်းကစဉ်းစားထားခဲ့တဲ့အစီအစဉ်တစ်ခုဖြစ်ပြီး၊ ယခုလိုလှူဒါန်းခွင့်ရတဲ့အတွက်လည်း အတိုင်းမသိဝမ်းမြောက်၊၀မ်းသာဖြစ်မိပါတယ်လို့ မီဒီယာတွေနဲ့တွေ့ဆုံရာ မှာပြောကြားခဲ့တာဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ လက်ရှိမှာသား၊ သမီး (၄) ဦးနဲ့အတူ အလွန်ပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုဘ၀လေးတစ်ခုကို ပိုင်ဆိုင်ထားခဲ့သလို၊ အခြားသောသူများကိုလည်း မိမိတို့မိသားစုဘ၀လေးလို့ပျော်ရွှင်မှုတွေခံစားစေလိုတာ ကြောင့် လိုအပ်တဲ့နေရာတွေမှာ အလှူအတန်းတွေကို မကြာမကြာပြုလုပ်သွားဦးမှာဖြစ်တယ်လို့သိရပါတယ်။