အနုပညာအလုပ်ဟာ ဘ၀ အာမခံချက်မရှိဘူးဆိုတဲ့ အေးအေးခိုင်
21 Dec 2017 1,511 Views
ဗီဒီယို ၊ ရုပ်ရှင်ဇာတ်ကားမှာ ဟာသဇာတ်ရုပ်ကို ပီပြင်မှာ သရုပ်ဆောင်ပြီး ဇာတ်ကားတစ်ကားရဲ့ မပါမဖြစ် ဟာသသရုပ်ဆောင် အေးအေးခိုင် ဗီဒီယိုဈေးကွက်နဲ့ ပတ်သတ်ပြီး ပြောထားပါတယ် ။
“ဗီဒီယို လောကပျက်တာ စိတ်မကောင်းဘူး ။ ဘာလို့လဲဆိုတော့ ရုပ်ရှင်တွေ ခေတ်မကောင်းတဲ့အချိန်မှာ ဗီဒီယိုနဲ့ပဲ လုပ်ကိုင်ရပ်တည်လာခဲ့ရတာလေ ။အဲ့ဒိတော့ ဗီဒီယို ဈေးကွက်ကို မေ့လိုက်လို့မရဘူး ။ ကောင်းစေချင်တယ် ။ ကောင်းဖို့ဆိုတာလည်းတော်တော်ကြီးကို ခက်ခဲမယ် ။ တော်တော်ကြီးကို ကြာဦးမယ်လို့ နားလည်တဲ့သူတွေကပြောပြတယ် ။ ပြန်ကောင်းစေချင်တယ် ။ အဲ့ဒါမှ အမတို့ အောက်မှာသိပ်ပြီးတော့ ဒုက္ခရောက်နေကြတဲ့ လူတွေလည်း အဆင်ပြေမှာပါ ။
ငယ်ငယ်တုန်းကတော့ ဘာမှမသိခဲ့ဘူး ။ ရုပ်ရှင်ရိုက်ရမှ မရိုက်ရရင်သေမလိုဖြစ်ပြီး ရူးသွပ်ခဲ့တဲ့ သူတစ်ယောက်ပါ ။ ဒါပေမယ့် အခုချိန်မှာ မိသားစုလည်း ပိုင်ဆိုင်လာပြီဆိုတဲ့အတွက် စီးပွားရေးဘက်ကိုကြည့်တော့ အဆင်မပြေဘူး ။ ဒီအနုပညာအလုပ်ဟာ ဘ၀ရဲ့ အာမခံချက်လုံးဝမရှိတဲ့အရာတစ်ခုဖြစ်နေတယ် ။မရှိဘူးဆိုတာကလည်း ဇွတ်ပြောတာမဟုတ်ပါဘူး အမတို့တွေ ကိုယ်တွေ့ကြုံနေရတာပေါ့ ။တခြား ရုံးသမားတွေ အသက်၆၀ ပြည့်ဆိုရင် သူ့ဟာသူ ပင်စင်ဆိုတာရှိတယ် ။ အမတို့ အနုပညာရှင်တွေမှာ အသက်ကြီးသွားရင် ဘယ်ရောက်လို့ ဘယ်ရောက်မှန်းတောင်မသိတော့ဘူး ။ သေမှသာ သတင်းစာထဲပါလာမှ သေသွားပြီဆိုတာသိရတဲ့ အခြေအနေပါ” ဆိုပြီး သူမရဲ့ ခံစားချက်တွေကို ပြောပြသွားခဲ့ ပါတယ် ။
Credit:popular