ခရစ္စမတ်ကာလအတွင်းမှာ ပွဲဆက်တွေများနေခဲ့တဲ့မန်ယူအသင်း
21 Dec 2017 1,510 Views

မန်ယူအသင်းဟာ ခရစ္စမတ်ကာလအတွင်းမှာ ပွဲဆက်တွေများနေပြီး (၁၇)ရက်အတွင်းမှာ (၆)ပွဲအထိ ယှဉ်ပြိုင်ကစားရဖို့ရှိနေတာဖြစ်ပါတယ်။လက်ရှိပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့်(၂)နေရာမှာ ရပ်တည်နေခဲ့တဲ့မန်ယူအသင်းဟာ လာ မယ့်ခရစ္စမတ်ကာလမှာတော့ ပွဲဆက်တွေများနေတာကြောင့် ပွဲပန်းမှုဒဏ်တွေ ရင်ဆိုင်ရနိုင်ဖွယ်ရှိနေပါတယ်။ မန်ယူအသင်းဟာ ခရစ္စမတ်ကာလ(၁၇)ရက်အတွင်းမှာ ပြိုင်ပွဲစုံပွဲစဉ်(၆)ပွဲအထိ ယှဉ်ပြိုင်ကစားရဖို့ရှိနေပြီး အဆို ပါပွဲစဉ်တွေမှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေအပါအ၀င် လိဂ်ဖလားနဲ့FA ဖလားပွဲစဉ်တွေလည်း ပါဝင်နေတာဖြစ်ပါ တယ်။

မန်ယူအသင်းဟာ လာမယ့်ဒီဇင်ဘာလ(၂၀)ရက်နေ့မှာ ဘရစ္စတိုးစီးတီးအသင်းနဲ့ လိဂ်ဖလားပွဲစဉ်ယှဉ် ပြိုင်ကစားရမှာဖြစ်ပြီး ဒီဇင်ဘာလ(၂၃)ရက်နေ့မှာတော့ လက်စတာအသင်းနဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရဖို့ရှိနေပါတယ်။ ဒီဇင်ဘာလ(၂၆)ရက်နေ့မှာ ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားဖို့ရှိနေပြီး ဒီဇင်ဘာ(၃၀)ရက်နေ့မှာလည်း ဆောက်သမ်တန်အသင်းနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်း ပွဲစဉ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။လာမယ့်နှစ်(၂၀၁၈)ခုနှစ်၊ဇန်န၀ါရီလ(၁)ရက်နေ့မှာတော့ အဲဗာတန်အသင်း နဲ့ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရဖို့ရှိနေပြီး ဇန်န၀ါရီလ(၅)ရက်နေ့မှာ ဒါဘီအသင်းနဲ့ FA ဖလား ပွဲစဉ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့ မန်ယူအသင်းရဲ့ အဓိကပြိုင် ဘက်မန်စီးတီးအသင်းကတော့ (၁၈)ရက်အတွင်းမှာပွဲစဉ်(၆)ပွဲယှဉ်ပြိုင်သကစားရမှာဖြစ်ပြီး အဆင့်(၃)နေရာမှာ ရပ်တည်နေတဲ့ ချဲလ်ဆီးအသင်းဟာလည်း (၁၈)ရက်အတွင်းမှာ (၆)ပွဲယှဉ်ပြိုင်ကစားရဖို့ ရှိနေတာဖြစ်ပါတယ်။ တခြားအသင်းကြီးတွေဖြစ်ကြတဲ့ အမှတ်ပေးဇယားအဆင့်(၄)နေရာမှာရှိနေတဲ့ လီဗာပူးလ်အသင်းမှာ (၁၅)ရက် အတွင်းပွဲစဉ်(၅)ပွဲ ယှဉ်ပြိုင်ရဖို့ရှိနေပြီး အမှတ်ပေးဇယားအဆင့်(၅)နေရာမှာ ရပ်တည်နေတဲ့အာဆင်နယ်အသင်းက (၁၉)ရက်အတွင်းမှာပွဲစဉ်(၆)ပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
