BEC-TERO TV

ချစ်သူကို လွမ်းတိုင်း GYM ဆော့ဖြစ်တယ်ဆိုတော့ အေးမြတ်သူ

20 Dec 2017     1,489 Views


အဓိက က မိန်းမတွေက အသက်ကြီးလာရင် ၀တက်တဲ့ အတွက် ခန္ဓာကိုယ်လေ့ကျင့်ခန်း လုပ်ဖြစ်တယ် ။ ကိုယ့်အတွက် တွန်းအားလေးတစ်ခုလည်း ဖြစ်အောင် ချစ်သူကိုလွမ်းတိုင်း gym ပိုဆော့ဖြစ်တယ် ။ လက်ရှိ ခန္ဓာကိုယ် ကို အကြိုက်ဆုံးပဲ ။ အကိတ်ထဲ လဲ မပါသလို အဆီထဲလည်း ပါမယ် မထင်ဘူး  ကြားထဲရောက်နေမယ် ထင်ပါတယ် ။

အသက်၂၈ ၊ ၂၉ တုန်းက တော်တော်လေးဆော့ခဲ့တဲ့ အတွက် အခုလက်ရှိမှာ တအားဆော့စရာ မလိုပဲ လက်ကျန်လေးတွေရှိနေတာပါ ။ ဗိုက်နဲ့ ပေါင်ကိုတော့ အဓိက ဆော့ဖြစ်တယ် အရမ်းကြီး ဆော့တဲ့ သူတွေထည်း မပါပါဘူး ။ အဓိက မြန်မာ မိန်းကလေးတစ်ယောက် အနေနဲ့ မြန်မာဝတ်စုံ ၀တ်တဲ့အခါ အဆင်ပြေချင်တယ် ။ ဒါလေးတွေကိုတော့ အဓိက ထားဖြစ်တယ် ။

နှစ်ကုန် ပျော်ပွဲရွှင်ပွဲတွေများပေမယ့် အေးမြတ်သူ အတွက်ကတော့ သင်္ကြန်က လွဲရင် ကျန်တဲ့ နေ့တွေက နေ့တွေထဲက နေ့တနေ့ပါပဲ ။ အလုပ်နဲ့ ပတ်သတ်တဲ့ ပွဲလမ်းသဘင်တော့ တက်ဖြစ်ပါတယ် ။ ပရဟိတ ကတော့ ကြုံရင် ကြုံသလို လုပ်ဖြစ်နေပါတယ် ။ အလုပ်အားတဲ့ အချိန်လေးတွေ စာဖတ်မယ် ၊ ခရီးသွားမယ် ၊ အိမ်မှာနားမယ် ၊ ပရဟိတလေးတွေ လုပ်မယ် ဒီလိုပဲ ကုန်ဆုံးတက်ပါတယ် တဲ့ ပရိသတ်ကြီးရေ ။

Credit:cele7


20 Dec 2017     1,489 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment