မရင့်ကျက်ခင်က အ၀တ်အစားခပ်ဟော့ဟော့တွေဝတ်ခဲ့တာနောင်တရတယ်ဆိုတဲ့ ဘေဘီမောင်
20 Dec 2017 1,513 Views
အရင်ကတော့ ခပ်ဟော့ဟော့ ပုံစံ သာမြင်ခဲ့ရတဲ့ ဘေဘီမောင် ဟာ အခုနောက်ပိုင်း မြန်မာ ဆန်ဆန်လေးတွေ နဲ့သာတွေ့ရတော့ပါတယ် ။ အခုကို ပုံစံပြောင်းလာတာနဲ့ ပတ်သတ်ပြီး “အရင်တုန်းကတော့ ဘေဘီက အသက်အရွယ်အရရော စိတ်ကလည်းမရင့်ကျက်သေးတော့ ခေတ်နဲ့အညီနေတယ် ။ မော်ဒယ်အလုပ်လည်းလုပ်နေတော့ မြန်မာဝတ်စုံတွေမ၀တ်ဖြစ်ဘူး ။ အခုတော့ စိတ်ရဲ့ ရင့်ကျက်မှုလည်းပါတယ် ။ ။သရုပ်ဆောင်လည်းလုပ်နေတယ် ဘေဘီ က မြန်မာမင်းသမီးဆိုတော့ မြန်မာဝတ်စုံတွေဝတ်တယ် ။
အသက်အရွယ်အရလည်း ဆိုင်တာပေါ့ ။ မရင့်ကျက်ခင်ကဆိုရင် အ၀တ်အစားကအစ ခပ်ဟော့ဟော့ ၀တ်ဖြစ်ခဲ့တယ် ။ ကိုယ့်ကိုကိုယ် ဘာဝတ်ဝတ်တင့်တယ်တယ်လို့ထင်ခဲ့တယ် ။ ဖက်ရှင်ပိုင်းကိုလည်း အပြိုင်အဆိုင်နဲ့ ရင်ဖက်တွေဖော်ပြီး ၀တ်တာမျိုးတွေရှိခဲ့တယ် ။ အတွေးအမှားလေးတွေလည်း ပါကောင်းမှာပေါ့နော် ။ အခုတော့ နောင်တလည်းရသလို မလုပ်သင့်တာလေးတွေ လုပ်ခဲ့တယ်လို့လည်းထင်တယ် ။
ဘေဘီ အခု ၂၆ နှစ်ရှိနေပြီလည်းဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ်အသက်အရွယ်တခုရလာတဲ့ မိန်းကလေးတစ်ယောက်လို့ သတ်မှတ်လိုက်ပါတယ် ။ အနုပညာသမားတစ်ယောက် ဘ၀အပြင် စီးပွားရေး အလုပ်လည်း လုပ်နေပြီ ။ အသက် ၃၀ ရောက်ရင် ကိုယ့်ရဲ့ အောင်မြင်မှုပန်းတိုင်တစ်ခုကို ဆိုက်နိုင်မယ်လို့ဆုံးဖြတ်ထားတယ် ။ သရုပ်ဆောင်ပိုင်းမှာလည်း နာမည်လေးတစ်ခုရအောင်ကြိုးစားမယ် ။ စီးပွားရေးလုပ်ငန်းမှာလည်း အတိုင်းအတာ တစ်ခုအောင်မြင်ရမယ် ။ ရပ်တည်မှုလေးတစ်ခုနဲ့ နေချင်တယ်” ဆိုပြီး ပြောသွားခဲ့ ပါတယ်။
Credit:popular