Fashion ကြောင့် ကျန်းမာရေးထိခိုက်နိုင်မှုများ
02 Jul 2015 1,462 Views
ကိုယ်အသုံးပြုနေကြ အ၀တ်အစား ၊အလှပစ္စည်း ၊လက်ဝတ်တန်ဆာတွေဟာ fashion ကျနေပေမဲ့တစ်ခါတလေကျမ်းမာရေးကိုထိခိုက်နိုင်တယ်ဆိုတာကိုသတိပြုသင့်ပါတယ်။ပတမဆုံးကတော့ အသားကပ်ဂျင်းတွေဝတ်ဆင်ခြင်းဟာလဲ ဂျင်းတွေဟာအသားမှာအချိန်ကြာကြာ ကျတ်ပြီးကပ်နေတဲ့အတွက် အချိန်ကြာကြာ ၀တ်ဆင်တဲ့အခါ အရေပြားမှာရှိတဲ့အထိအတွေ့အာရုံခံအပြောတွေဟာ တဖြည်းဖြည်းနဲ့ထိခိုက်လာပါတယ်။
ထိုသို့ထိခိုက်လာခဲ့အခါ နောက်ပိုင်းမှာတခုခုထိခိုက်တာတွေနာကျင်တာတွေကို ထုံးကျဉ်ပြီး ခံစားမှုမရှိတော့တာတွေဖြစ်လာတက်ပါတယ်။ယောက်င်္ကျားလေးတွေအတွက်လဲ ယခုခေတ်မှာ ပေါ်လာတဲ့ဂျင်းဘောင်းဘီအောက်ရှူးအကျပ်တွေဝတ်ခြင်းကြောင့်သွေးကြောတွေပိတ်ခြင်းဖြစ်ပေါ်နိုင်တဲ့အတွက် သတိထားရမှာပါ။အမျိုးသားတွေအတွက်လဲ ကြပ်ခွန်းတဲ့အတွင်းခံဘောင်းဘီတွေဝတ်ခြင်းဟာလဲ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
အမျိုးသမီးတွေအနေနဲ့လဲ party တွေ dinner တွေသွားတဲ့အခါကိုယ်လုံးအလှပေါ်အောင် ကြပ်လွန်းတဲ့ဗိုက်ချပ်ဘောင်းဘီတွေ ၊ကောက်ကြောင်းပေါ်အောင်ဝတ်ဆင်တဲ့ဘောင်းဘီတွေဟာလဲ ပွဲ မှာမအီမလည်ဖြစ်တက်ပါတယ်။ခါးပတ်တွေဘောင်းဘီတွေတင်းကြပ်နေတဲ့အခါဗိုက်ကညှစ်ထားသလိုဖြစ်နေတဲ့အတွက် အစာစားလိုက်တဲ့အခါအစာအိမ်ဟာ ဖိအားတစ်ခုကြောင့် အစာတွေဟာအူထဲကိုပြန်တက်လာတာမျိုးတွေဖြစ်တက်တဲ့အတွက် အစာခြေစနစ်မှာပြသာနာဖြစ်တက်ပါတယ်။ထို့ကြောင့် မိန်းကလေးတွေအနေနဲ့ကြပ်လွန်းတဲ့အတွင်းခံတွေဘောင်းဘီတွေကိုဝတ်ခြင်းမှရှောင်ရှားသင့်ပါတယ်။
FASHION ကျနေပေမဲ့တဖက်မှာ ကိုယ့်ရဲ့ကျမ်းမာရေးကို ထိခိုက်နေပြီလားဆိုတာကိုတော့ သတိပြုရမှာဖြစ်ပါတယ်။ပွပွချောင်ချောင်လေးနဲ့ဖက်ရှင်ကျကျ ၀တ်ခြင်းကတော့ ကျမ်းမာရေးနဲ့ညီညွတ်ပြီးအသင့်တော်ဆုံးဖြစ်ပါတယ်လို့အကြံပေးချင်ပါတယ်။