BEC-TERO TV

ဂန္တ၀င်ကစားသမားတစ်ဦးရဲ့စံချိန်နဲ့ တူညီခဲ့တဲ့ စီရော်နယ်ဒို

20 Dec 2017     1,408 Views


ရီးယဲမက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုကတော့ ကျင်းပပြီးစီးခဲ့တဲ့ (၂၀၁၇) ဖီဖာကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲမှာ ဂန္တ၀င်ကစားသမားတစ်ဦးရဲ့စံချိန်နဲ့တူညီခဲ့တယ်လို့သိရပါတယ်။(၂၀၁၆-၁၇)ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်ဆုဖလားကိုရရှိခဲ့တဲ့ ရီးယဲမက်ဒရစ်အသင်းဟာ (၂၀၁၇)ခုနှစ်ရဲ့ဖီဖာ ကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲကို ဆီမီးဖိုင်နယ်အဆင့်မှ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ စီရော်နယ်ဒိုရဲ့ ရီးယဲမက်ဒရစ်အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာ ယူအေအီးကလပ်အသင်းဖြစ်တဲ့ အယ်ဂျာစီးယားအသင်းနဲ့ တွေ့ဆုံခဲ့ပြီး ဂါရတ်ဘေး၊ စီရော်တယ်ဒိုတို့ရဲ့ သွင်းဂိုးတွေနဲ့(၂)ဂိုး (၁)ဂိုးနဲ့အနိုင်ရရှိကာ ဗိုလ်လုပွဲတက်ရောက်ခဲ့ ပါတယ်။
 
 
ဗိုလ်လုပွဲမှာတော့ ဘရာဇီးကလပ်အသင်းဖြစ်တဲ့ ဂရီမီယိုအသင်းနဲ့တွေ့ဆုံခဲ့ပြီး တိုက်စစ်မှူးစီရော်နယ် ဒိုရဲ့ ပွဲချိန်(၅၃)မိနစ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုး(၁)ဂိုးတည်းနဲ့အနိုင်ရရှိကာ ပြိုင်ပွဲရဲ့ချန်ပီယံဆုကိုရယူနိုင်ခဲ့တာဖြစ် ပါတယ်။ရီးယဲမက်ဒရစ်အသင်းအနေနဲ့ (၂၀၁၇)ခုနှစ်အတွက် ဖီဖာကမ္ဘာ့ကလပ်ဖလားချန်ပီယံဆုကိုရယူနိုင်ခဲ့ တာဟာ အသင်းသမိုင်းကြောင်းတစ်လျောက် (၃)ကြိမ်မြောက်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ခါးသီးပြိုင်ဘက်ဖြစ်တဲ့ ဘာ စီလိုနာအသင်းရယူထားခဲ့တဲ့ အကြိမ်အရေအတွက်ကိုလိုက်မီခဲ့တာဖြစ်ပါတယ်။ ရီးယဲမက်ဒရစ်အသင်းပြိုင်ပွဲရဲ့ ချန်ပီယံဆုကို (၃)ကြိမ်မြောက်ရယူနိုင်ခဲ့သလို တိုက်စစ်မှူးစီရော်နယ်ဒိုအတွက်လည်း စံချိန်တစ်ခုရရှိခဲ့ပါတယ်။
 
 
စီရော်နယ်ဒိုဟာ ဘရာဇီးဂန္တ၀င်ကစားသမားဖြစ်တဲ့ ပီလီတင်ရှိထားတဲ့ စံချိန်နဲ့တူညီတဲ့စံချိန်တစ်ခုကိုရရှိခဲ့ခြင်း ဖြစ်ပြီး ပီလီဟာ ဖီဖာကမ္ဘာ့ကလပ်ဖလား ယခင်က intercontinental ဖလားအမည်နဲ့ကျင်းပခဲ့ချိန်က သွင်းဂိုး (၇) ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ ပီလီကတော့ (၁၉၆၂) ခုနှစ်နဲ့ (၁၉၆၃) ခုနှစ်အတွင်းကျင်းပခဲ့တဲ့ intercontinental ဖလားပြိုင်ပွဲမှာ သွင်းဂိုး (၇) ဂိုးသွင်းယူခဲ့ပြီး လက်ရှိအချိန်မှာ စီရော်နယ်ဒိုက သူ့ရဲ့စံချိန်ကို လိုက်မီခဲ့ပါတယ်။
 
 

20 Dec 2017     1,408 Views




RELATED

Most Popular of Football

Most Popular of Sport