မန်စီးတီးအသင်းရဲ့နောက်ကျသွင်းဂိုးတွေအတွက်အသင့်ရှိနေတဲ့ စတာလင်း
20 Dec 2017 1,438 Views
ပရီးမီးယားလိဂ်ပွဲစဉ် (၁၈) အဖြစ်ယှဉ်ပြိုင်ကစားခဲ့တဲ့ စပါးစ်အသင်းနဲ့ပွဲစဉ်မှာ အသင်းအတွက်အနိုင် (၃) မှတ်သေချာစေမယ့် နောက်ကျသွင်းဂိုး (၂) ဂိုးသွင်းယူခဲ့ပြီးနောက်မှာ စတာလင်းကတော့ မန်စီးတီးအသင်း ရဲ့နောက်ကျသွင်းဂိုးတွေအတွက် အမြဲအဆင့်သင့်ဖြစ်နေတယ်လို့သိရပါတယ်။ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် နိုင်ပွဲဆက်မှုအများဆုံးစံချိန်အဖြစ် အာဆင်နယ်အသင်းနဲ့ ချယ်လ် ဆီးအသင်းတို့ရဲ့နိုင်ပွဲဆက်မှုစံချိန်တွေကိုချိုးဖြတ်နိုင်ခဲ့ပြီး၊ တစ်ပွဲအသာနဲ့နိုင်ပွဲဆက်မှုအများဆုံးအသင်းအဖြစ် ရပ်တည်နေခဲ့တဲ့ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၁၈) အဖြစ်စပါးစ်အသင်းကိုအိမ်ကွင်းမှာလက်ခံ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။
အဆိုပါပွဲစဉ်မှာ မန်စီးတီးအသင်းဟာ စပါးစ်အသင်းကိုအိမ်ကွင်းမှာ (၄) ဂိုး (၁) ဂိုး နဲ့အနိုင်ရရှိခဲ့ပြီး၊ မန်စီးတီးအသင်းအတွက် အနိုင်သေချာစေမယ့်သွင်းဂိုး (၂) ဂိုးကို ပွဲကစားချိန်မိနစ် (၈၀) နဲ့ မိ နစ် (၉၀) တို့မှာ စတာလင်းကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၁၈) ပြီးဆုံးချိန်မှာ သွင်းဂိုး (၅၆) ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး၊ အဆိုပါသွင်းဂိုး (၅၆) ဂိုးမှာ ပွဲကစားချိန် (၇၆) မိနစ်နောက်ပိုင်းမှာ သွင်းဂိုးယူခဲ့သွင်းဂိုးအရေအတွက်ဟာ (၁၄) ဂိုးအထိရှိလာခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင်ပွဲက စားချိန် (၇၆) မိနစ်နောက်ပိုင်းသွင်းယူခဲ့တဲ့သွင်းဂိုး (၁၄) ဂိုးမှာ စတာလင်းရဲ့သွင်းယူခဲ့တဲ့ သွင်းဂိုးဟာ (၇) ဂိုးအထိရှိနေခဲ့ပြီး၊ စတာလင်းဟာ မန်စီးတီးအသင်းကိုနောက်ကျသွင်းဂိုးတွေနဲ့ ရမှတ်ပေါင်း (၁၃) မှတ်အထိရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ စတာလင်းဟာ ပွဲစဉ် (၂) အဖြစ်ယှဉ်ပြိုင်ခဲ့တဲ့ အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာ ပွဲကစားချိန် (၈၂) မိနစ်မှာသွင်းယူခဲ့တဲ့သွင်းဂိုးနဲ့ အဖိုးတန်သရေရမှတ်တစ်မှတ်ကိုရယူပေးနိုင်ခဲ့သလို၊ ပွဲစဉ် (၃) မှာလည်း ဘုန်းမောက်အသင်းကို ပွဲကစားချိန် (၉၇) မိနစ်မှာသွင်းယူခဲ့တဲ့သွင်းဂိုးနဲ့ (၃) မှတ်အပြည့်ရ ယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင်ပွဲစဉ် (၁၃) အဖြစ်ယှဉ်ပြိုင်ခဲ့တဲ့ဟက်စ်ဒါဖီးလ်တောင်းအသင်းနဲ့ပွဲစဉ်မှာ လည်း (၈၄) မိနစ်မှာသွင်းယူခဲ့တဲ့သွင်းဂိုး၊ ပွဲစဉ် (၁၄) အဖြစ်ယှဉ်ပြိုင်ခဲ့တဲ့ ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာ (၉၆) မိနစ်မှာသွင်းယူခဲ့တဲ့သွင်းဂိုးနဲ့ စပါးစ်အသင်းကိုအနိုင်ရရှိခဲ့တဲ့ပွဲစဉ် (၁၈) မှာ ပွဲကစားချိန်မိနစ် (၈၀) နဲ့ မိနစ် (၉၀) တို့မှာသွင်းယူခဲ့တဲ့သွင်းဂိုးတွေကြောင့်လည်း ရမှတ် (၃) မှတ်အပြည့်ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ စတာလင်းဟာ မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၁၁) ဂိုးသွင်းယူထားခဲ့ရာမှာ သွင်းဂိုး (၇) ဂိုး ကတော့ ပွဲကစားချိန်မိနစ် (၈၀) နောက်ပိုင်းမှာသွင်းယူခဲ့တဲ့သွင်းဂိုးတွေဖြစ်ပါတယ်။ စတာလင်းဟာ ပရီးမီးယား လိဂ်ပြိုင်ပွဲမှာ သွင်းဂိုး (၁၁) ဂိုးသွင်းယူထားခဲ့ပြီး၊ ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ မိုဟာမက်ဆာလက်ခ်ျ နဲ့ ဟယ်ရီကိန်းတို့ရဲ့နောက် တတိယနေရာမှာရပ်တည်နေတာဖြစ်ပါတယ်။