Miss Myanmar World ပြိုင်ပွဲဝင်အယောက် ၂၀
01 Jul 2015 1,547 Views

Miss Myanmar World 2015 အတွက် ရွေးချယ်ခြင်းခံရတဲ့ အလှမယ် အယောက် ၂၀ ကို Miss Myanmar World Organization အနေဖြင့် အလှမယ်တစ်ယောက်တွင် လိုအပ်သော အရည်အချင်းများကို အဖက်ဖက်မှ ပြီးပြည့်စုံအောင် ဂရုတစိုက် လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။
Miss Myanmar World 2015 ရဲ့ Finalist အယောက် ၂၀ ကို မိတ်ကပ်ဖန်တီးမှုများ၊ ဆံပင်ပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုများကို မိမိကိုယ်တိုင် လုပ်ဆောင်တတ်စေရန် ကျွမ်းကျင်သော ပညာရှင်များနှင့် အတူ လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ထို့ပြင် Body Beauty နဲ့ ပတ်သတ်ပြီး အစစအရာအရာ ပံ့ပိုး ပေးသွားမှာဖြစ်ပါတယ်။
Finalist အယောက် ၂၀ ဟာဆိုရင် Trainer Mr. Brian နဲ့အတူ Cat Walk Training များ၊ နိုင်ငံတကာသို့ သွားရောက် ရသည့်အခါ လိုအပ်သည့် ဗဟုသုတများ နိုင်ငံတကာနှင့် ဆက်ဆံသည့်အခါတွင် လိုက်လျောညီထွေပြုမူနေထိုင် တတ်စေရန် Personal Training များကိုလည်း Mr.Brian မှ သင်ကြားပေးသွားမှာဖြစ်ပါတယ်။
နိုင်ငံခြားခရီးစဉ် သွားရောက်သည့်အခါတွင်လည်း Air Asia မှ Personal Training ကို သင်ကြားပေးသွားမည်ဖြစ်ပြီး Phuket Pearl သို့ သွားရောက် လေ့လာရမည့် activities များလည်း ပါဝင်မှာဖြစ်ပါတယ်။
အကောင်းဆုံး Talent ပြနိုင်တဲ့ Miss တစ်ဦးဟာဆိုရင် Grand final မှာ Top 10 list ထဲကို အလိုအလျောက် ပါဝင်မှာဖြစ်ပါတယ်။
ပရိတ်သတ်များအနေဖြင့် Finalist အယောက် ၂၀အနက် မိမိနှစ်သက်သော ပြိုင်ပွဲဝင်အား SMS voting စနစ်ဖြင့် ၂၂.၅.၂၀၁၅ မှစပြီး voting ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
Online voting ပြုလုပ်လိုပါက www.Facebook.com/missmyanmarworldofficial မှာ ၀င်ရောက် vote ပေးနိုင်ပါတယ်။