အိမ်အကူမိန်းကလေးများအား နှိပ်စက်သည့် အင်းဝအပ်ချုပ်ဆိုင် အမှုကိုပြစ်ဒဏ်များချမှတ်
15 Dec 2017 1,407 Views
အိမ်အကူမိန်းကလေးငယ် နှစ်ဦးကို နှိပ်စက်ညှင်းပမ်းမှုဖြင့် တရားစွဲဆိုခံထားရသူ (၆)ဦးကို ဒီဇင်ဘာလ(၁၅) ရက်နေံတွင် အနောက်ပိုင်းခရိုင်တရားရုံးက ပြစ်ဒဏ်များ အသီးသီးချမှတ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအမှုမှ (၄)ဦးအား ထောင်ဒဏ် ၉ နှစ်၊ ၁၃ နှစ်၊ ၁၆ နှစ်၊ ၁၆ နှစ် အသီးသီးပြစ်ဒဏ်ချမှတ်ခဲ့သည်။
ဒေါ်တင်သူဇာနှင့် ဒေါ်စုမွန်လတ်တို့အား အပြင်းအထန် နာကျင်စေမှု၊ ကလေးသူငယ် ဥပဒေ ပုဒ်မ ၆၆ (ဃ) နှင့် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄/၂၉ ဖြင့် ထောင်ဒဏ် ၁၆ နှစ် ၁ လ ချမှတ်ခဲ့ကြောင်း The Ladies မှ ကနဦးသတင်းရရှိသည်။