BEC-TERO TV

နည်းပြအပြောင်းအလဲပြုလုပ်ခဲ့သည့် ဒေါ့မွန်

12 Dec 2017     1,378 Views


လက်ရှိဘွန်ဒက်လီဂါအမှတ်ပေးဇယားမှာ အဆင့်(၇)နေရာထိရောက်ရှိသွားတဲ့ ဒေါ့မွန်အသင်းဟာ နည်းပြဖြစ်သူ ပီတာဘော့ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး နည်းပြအပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။ဒေါ့မွန်အသင်းဟာ ယခုတစ်ပတ်မှာ တန်းဆင်းဇုန်ထဲမှ ရှိနေတဲ့ ၀ါဒါဘရီမင်အသင်းကို အိမ်ကွင်းမှာ (၂)ဂိုး၊(၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဘွန်ဒက်လီဂါ နောက်ဆုံး(၈)ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပါတယ်။ ဒါ့ကြောင့်အသင်းတာဝန် ရှိသူတွေဟာ နည်းပြဖြစ်သူ ပီတာဘော့ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး နည်းပြသစ်တစ်ဦးကို အစားထိုးခန့်အပ်ခဲ့ပါ တယ်။ ပီတာဘော့စ်ဟာ ရာသီအစကမှ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြတူချယ်နေရာကို အစားထိုးဝင်ရောက်လာခဲ့ သူဖြစ်ပြီး ရာသီအစမှာရလဒ်ကောင်းအောင်စွမ်းဆောင်နိုင်ခဲ့ပေမယ့်နောက်ပိုင်းမှာ ရလဒ်တွေဆက်တိုက်ဆိုးရွား ခဲ့ပါတယ်။
 
 
ပီတာဘော့စ်ဟာ ဘွန်ဒက်လီဂါရာသီအစ(၇)ပွဲမှာ (၆)ပွဲနိုင်၊(၁)ပွဲသရေ ရလဒ်နဲ့ ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့(၈)ပွဲမှာတော့ နိုင်ပွဲ(၂)ပွဲသာရရှိခဲ့ပြီး (၆)ပွဲထိရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်တွေထဲမှာ အသင်းငယ်တွေဖြစ်တဲ့ ဟန်နိုဗာ၊ စတုဂတ်၊ ၀ါဒါဘရီမင်အသင်းတို့ပါဝင်ခဲ့သလို ရှော်ကေးလ်အသင်းကိုလည်း (၄)ဂိုးပြတ်ဦးဆောင်ပြီးမှ (၄)ဂိုးပြန်ပေးရကာ သရေကျခဲ့ပါတယ်။
 
 
ပြိုင်ပွဲစုံနောက် ဆုံး(၁၅)ပွဲမှာလည်း နိုင်ပွဲ(၂)ပွဲသာရခဲ့ပြီး (၈)ပွဲရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အသင်းတာဝန်ရှိ သူတွေက ပီတာဘော့အပေါ်မှာ စိတ်မရှည်တော့ပဲ ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ကိုလုံးနည်းပြဟောင်း စတိုဂါကို ရာသီကုန်ထိအစားထိုးခန့်အပ်ခဲ့ပါတယ်။ စတိုဂါဟာကိုလုံးအသင်းကိုပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ခဲ့ပေမယ့် ယခုနှစ်ရာသီမှာ ရလဒ်တွေဆိုးရွားခဲ့တာကြောင့် ဒီလ(၃)ရက်နေ့ကမှ ရာထူးမှထုတ်ပယ် ခံခဲ့ရသူဖြစ်ပါတယ်။ အသင်းတာဝန်ရှိသူတွေက အစားထိုးခန့်အပ်ထားတဲ့ စတိုဂါအပေါ်မှာ အပြည့်အ၀ ယုံ ကြည်ကြောင်းနဲ့ ရလဒ်ဆိုးတွေအောက်က အမြန်ဆုံးရုန်းထွက်နိုင်တော့မှာဖြစ်ကြောင်း ပြောကြားထားပါတယ်။
 
 

12 Dec 2017     1,378 Views




RELATED

Most Popular of Football

Most Popular of Sport