စံချိန်ကောင်းတစ်ခုကျိုးပျက်ခဲ့တဲ့ မန်စီးတီးအသင်း
11 Dec 2017 1,402 Views
နည်းပြဂွါဒီယိုလာရဲ့ ဒုတိယရာသီမှာ ပုံစံကောင်းတွေပြသနေတဲ့ မန်စီးတီးအသင်းကတော့ ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်အပြီးမှာ စံချိန်ကောင်းတစ်ခုကျိုးပျက်ခဲ့ရပါတယ်။မန်စီးတီးအသင်းဟာ ယခုနှစ်ဘောလုံးရာသီမှာ ပုံစံကောင်းပြနေတဲ့ အသင်း(၁)သင်းဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင် ပွဲမှာ(၁၅)ပွဲဆက်ရှုံးပွဲကြုံတွေ့ထားခြင်းမရှိသလို၊ အင်္ဂလန်လိဂ်ဖလားပွဲစဉ်(၂)ပွဲနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၅)ပွဲ မှာလည်း ရာနှုန်းပြည့်နိုင်ပွဲရယူထားတဲ့အသင်းဖြစ်ပါတယ်။
ဒါပေမယ့်လည်း ယနေ့မနက်အစောပိုင်းက ရှက်တာဒိုးနက်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်၊ အုပ်စုပွဲစဉ်(၆) မှာတော့ (၂)ဂိုး (၁)ဂိုးဆိုတဲ့ရလဒ်နဲ့ ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ ယူကရိန်းမြေမှာ ရှုံးပွဲကြုံတွေ့ခဲ့ရတဲ့ မန်စီးတီးအသင်း အတွက် စံချိန်ကောင်းတစ်ခုကျိုးပျက်ခဲ့ရပြီး ပြီးခဲ့တဲ့ဘောလုံးရာသီကတည်းက လက်ရှိရှက်တာဒိုးနက်အသင်း နဲ့ပွဲစဉ် မတိုင်မီအထိတင်ရှိထားတဲ့ (၂၉)ပွဲဆက်ရှုံးပွဲကြုံတွေ့ခြင်းမရှိသေးတဲ့ စံချိန်ကျိုးပျက်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီး အသင်းဟာ အဆိုပါစံချိန်ကို ပြီးခဲ့တဲ့(၂၀၁၆-၁ရ)ဘောလုံးရာသီ၊ ဧပြီလ(၂၃)ရက်နေ့၊ အက်ဖ်အေဖလားဆီမီး ဖိုင်နယ်ပွဲစဉ်မှာ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်းတင်ရှိထားတာဖြစ်ပြီး လက်ရှိအခါမှာ အဲဒီစံချိန်က ကျိုးပျက်ခဲ့တာဖြစ်ပါတယ်။