BEC-TERO TV

မန်ချက်စတာဒါဘီပွဲစဉ်ကို တာဝန်ယူကိုင်တွယ်မယ့် မိုက်ကယ်အိုလီဗာ

07 Dec 2017     1,442 Views


ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော်ဒိုင်တစ်ဦးဖြစ်တဲ့ မိုက်ကယ်အိုလီဗာဟာ ပရီးမီးယားလိဂ်ရဲ့ဒါဘီတွေ ထဲမှာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မန်ချက်စတာဒါဘီကိုကိုင်တွယ်မှာဖြစ်ပါတယ်။ မန်ယူအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ မန်ချက်စတာဒါဘီဟာ လာမယ့်ဒီဇင်ဘာ(၁၀)ရက်နေ့မှာ ယှဉ် ပြိုင်ကစားကြမှာဖြစ်ပြီး မန်ယူအသင်းရဲ့အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်(၁၆)အဖြစ် ကစားကြမှာ ဖြစ်ပါတယ်။
 
 
အဆိုပါအကြိတ်အနယ်ရှိမယ့် ဒါဘီပွဲစဉ်ကို ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဒိုင်တွေထဲမှာ တစ်ဦး အပါအ၀င်သတ်မှတ်ခံထားရတဲ့ ကွင်းလယ်ဒိုင်မိုက်ကယ်အိုလီဗာက တာဝန်ယူကိုင်တွယ်မှာဖြစ်ပါတယ်။ မိုက် ကယ်အိုလီဗာအနေနဲ့ ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ထိပ်သီးအချင်းချင်း ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ် (၃)ပွဲကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ်(၅)မှာ ချဲလ်ဆီးနဲ့အာဆင်နယ်ပွဲစဉ်၊ ပွဲစဉ်(၁၁)မှာ မန်စီးတီး အာဆင် နယ်ပွဲစဉ်နဲ့ ပွဲစဉ်(၁၃)မှာ လီဗာပူးလ် ချဲလ်ဆီးပွဲစဉ်တို့ကို ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။မိုက်ကယ်အိုလီဗာဟာ ယခုနှစ်ရာသီပရီးမီးယားလိဂ်မှာ ကိုင်တွယ်ထားခဲ့တဲ့ပွဲစဉ်တွေမှာ မန်ယူအသင်းယှဉ်ပြိုင်ကစားထားတဲ့ ပွဲစဉ်က တစ်ပွဲသာပါဝင်ခဲ့ပြီး၊ မန်စီးတီးအသင်းပွဲစဉ်ကတော့ ပွဲစဉ်(၂)ပွဲပါဝင်နေခဲ့တာဖြစ်ပါတယ်။
 
 
မိုက်ကယ်အိုလီဗာဟာ မန်ယူအသင်းရဲ့ပွဲစဉ် (၂၅) ပွဲတိတိကိုင်တွယ်ခဲ့ဖူးတဲ့ ကွင်းလယ်ဒိုင်တစ်ဦးလည်းဖြစ်ပြီး သူကိုင်တွယ်ခဲ့တဲ့ပွဲစဉ် တွေမှာ မန်ယူအသင်းဟာ(၂၅)ပွဲမှာ (၁၀) ပွဲအနိုင်ရရှိခဲ့ကာ (၇)ပွဲသရေ၊(၈)ပွဲရှုံးရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ မန်စီးတီးအသင်းကိုတော့ ပွဲစဉ်(၂၃)ပွဲကိုင်တွယ်ခဲ့ပြီး (၁၆)ပွဲအထိနိုင်ပွဲရရှိထားကာ (၃)ပွဲသရေ၊(၄)ပွဲရှုံး ရလဒ်ရရှိခဲ့တာဖြစ်ပါတယ်။ သူကိုင်တွယ်ထားခဲ့တဲ့ပွဲစဉ်တွေမှာ မန်စီးတီးအသင်းက ပိုအလေးသာနေခဲ့တာ ကြောင့် လာမယ့်ဒါဘီပွဲစဉ်ကို ဘယ်လိုထိန်းချုပ်ကိုင်တွယ်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေခဲ့ပါ တယ်။ မိုက်ကယ်အိုလီဗာဟာယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ အနီကတ်(၂)ကတ် အသုံးပြုထားတဲ့ ဒိုင်တစ်ဦးဖြစ်ပြီး တိုက်ရိုက်အနီကတ်ကိုတစ်ကြိမ်သာအသုံးပြုထားခဲ့တာဖြစ်ပါတယ်။
 

07 Dec 2017     1,442 Views




RELATED

Most Popular of Football

Most Popular of Sport