BEC-TERO TV

သရေရလဒ်သာ ရယူနိုင်ခဲ့သည့် ဘာစီလိုနာ

05 Dec 2017     1,406 Views


လာလီဂါပွဲစဉ်(၁၄)မှာ အမှတ်ပေးဇယားထိပ်ဆုံးမှာရပ်တည်နေတဲ့ ဘာစီလိုနာအသင်းဟာ ဆဲလ်တာဗီဂိုအသင်းနဲ့တွေ့ဆုံခဲ့ပေမယ့် နိုင်ပွဲဖန်တီးနိုင်ခြင်းမရှိခဲ့ပဲ (၂)ဂိုးစီသရေသာ ကစားနိုင်ခဲ့ပါတယ်။နောက်ပိုင်းရာသီတွေမှာ ဘာစီလိုနာနဲ့တွေ့ဆုံတိုင်းအခက်တွေ့အောင်ကစားလေ့ရှိတဲ့ ဆဲလ်တာဗီဂို အသင်းဟာ ယခုတစ်ကြိမ်မှာလည်း အဝေးကွင်းဖြစ်ပေမယ့် (၂)ဂိုးစီသရေရအောင် ကစားနိုင်ခဲ့ပါတယ်။ ဘာစီ လိုနာအသင်းဟာ ပုံမှန်ပွဲထွက်ကစားနေကျ အဓိက ကစားသမားအစုံအလင်အသုံးပြုခဲ့ပေမယ့် မက်ဆီ၊ ဆွာရက် တို့ရဲ့သွင်းဂိုးတွေကြောင့်သာ ဂိုးတွေရရှိခဲ့ပြီး အသင်းလိုက်ကစားပုံမှာ အားနည်းချက်တွေရှိခဲ့ပါတယ်။
 
ဒီပွဲစဉ်မှာ ဘာစီလိုနာနဲ့တွေ့တိုင်းဂိုးသွင်းယူလေ့ရှိတဲ့ အက်စ်ပက်က ထုံးစံအတိုင်းဆဲလ်တာဗီဂိုအတွက် ဂိုးသွင်းယူခဲ့ပြီး ဘာစီလိုနာမှ မက်ဆီနဲ့ ဆွာရက်က ချေပဂိုးနဲ့ ဦးဆောင်ဂိုးပြန်လည်သွင်းယူခဲ့ရပါတယ်။ ဒါပေမဲ့ ဆဲလ်တာဗီဂိုအတွက် တိုက်စစ်မှူး ဂိုးမက်က ချေပဂိုးသွင်းယူခဲ့ပြီး ဘာစီလိုနာအသင်း(၂)ဂိုးစီသရေသာကစား နိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ယခုနှစ်ရာသီမှာ ရှုံးပွဲမရှိသေးပေမယ့် ယခုသရေပွဲကြောင့် နောက်ကကပ် လိုက်နေတဲ့အသင်းတွေကို အမှတ်ဆက်ဖြတ်မယ့်အခွင့်အရေးလက်လွတ်ခဲ့ရပါတယ်။ ဆဲလ်တာဗီဂိုအသင်းက ဘာစီလိုနာနဲ့တွေ့တိုင်းအခက်တွေ့အောင်ကစားလေ့ရှိပြီး ပြီးခဲ့တဲ့ရာသီ ပထမအကျော့က ဘာစီလိုနာကို (၄)ဂိုး၊(၃)ဂိုးနဲ့အနိုင်ကစားခဲ့သလို (၂၀၁၅-၁၆)ရာသီမှာလည်း ဘာစီလိုနာအသင်းကို(၄)ဂိုး၊(၁)ဂိုးနဲ့ အနိုင်ရရှိ ထားတဲ့ သာဓကတွေရှိထားတာဖြစ်ပါတယ်။
 
ယခုတစ်တစ်ပတ်မှာ ဘာစီလိုနာအသင်း သရေကျခဲ့သလို ရီးယဲယ်မက်ဒရစ်အသင်းကလည်း ဘီဘာအိုအသင်းကို အဝေးကွင်းမှာ ဂိုးမရှိသရေသာကစားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ဘာစီလိုနာအသင်းဟာ ရီးယဲယ်မက်ဒရစ်အသင်းကို ရမှတ်(၈)မှတ်ဆက်ဖြတ်ထားနိုင်ခဲ့ပြီး ရီးယဲယ် မက်ဒရစ်အသင်းကလည်း ယခုသရေပွဲကြောင့် အဆင့်(၄)နေရာထိရောက်ရှိသွားခဲ့ပါတယ်။
 

05 Dec 2017     1,406 Views




RELATED

Most Popular of Football

Most Popular of Sport