BEC-TERO TV

သတ်မှတ်နေရာတွေမှာ ရပ်တန့်ခြင်းမရှိတဲ့ YBS ယာဉ်များကို အရေးယူ လျက်ရှိနေ

04 Dec 2017     1,313 Views


YBS ယာဉ်လိုင်းများမှ ခရီးသည်တင်ကားများဟာ သတ်မှတ်မှတ်တိုင်များမှာ စည်းကမ်းမဲ့ ခရီးသည် အတင်အချပြုနေကြခြင်းနှင့် မီးပွိုင့်အနီအနားခရီးသည်များ အတင်အချပြုလုပ် နေကြခြင်းများနဲ့ပတ်သက်ပြီး စည်းကမ်းတစ်ကျသတ်မှတ်မှတ်တိုင်များတွင် ခရီးသည်များတင်ချ ပြုလုပ်ရန် မည်သို့ စီစဉ်ကြီးကြပ် အရေးယူသွားမည်ကို သိရှိလိုကြောင်းကို မရမ်းကုန်း မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော် အမတ်ဦးရန်ရှင်းက နိုဝင်ဘာ(၃၀)ရက်က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး(၁၉)ရက် မြောက်နေ့မှာ မေးမြန်းလိုက်တာပါ။
 
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ရန်ကုန်မြို့ရဲ့ မီးပွိုင့်တွေမှာ ခရီးသည်တင်ယာဉ်တွေဟာ မီးပွိုင့်တွေမှာခရီးသည်တွေကို အတင်အချပြုလုပ်နေတာဟာ ယာဉ်ကျောပိတ်ဆို့မှုရဲ့ အကြောင်းအရင်းတစ်ခုလို့ လေ့လာတွေ့ရှိရတယ်လို့ပြောပါတယ်။အခုလို့ မီးပွိုင့်အနီးမှာ ရပ်တန့်တာတွေပြုလုပ်လို့ ယာဉ်ကျောပိတ်ဆို့တာနဲ့အတူ သွားလာရခက်ခဲတာတွေ၊ ဘေးအန်္တရာယ်များတာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လျှပ်စစ်၊ စက်မှုလက်မှု နှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကတော့ YBS စနစ်ဖြင့် ခရီးသည်တင်ယာဉ်လိုင်းတွေ စတင်ပြေးဆွဲကတည်းက ခရီးသည်ယာဉ်များ စည်းကမ်းလိုက်နာဖို့အတွက် Complain Centre ကိုဖွင့်လှစ်ပေးထားပြီး ဒီ Centre တွေကနေ ခရီးသည်များတိုင်ကြားမှုတွေကို အရေးယူ ဆောင်ရွက် ပေးနေတယ်လို့ဖြေကြားပါတယ်။၂၀၁၇ ဇန်န၀ါရီလမှ သြဂုတ်လအထိ မှတ်တိုင်မရပ်မှုကြောင့် တိုင်းကြားမှုပေါင်း ၄၆၆ မှုလက်ခံ ရရှိခဲ့ပြီး သက်ဆိုင်ရာ ကုမ္ပဏီတွေကို တိုင်ကြားအရေးယူခဲ့ တယ်လို့လဲ တည့်သွင်းဖြေကြားခဲ့ပါတယ်။
 
ဒါအပြင် သတ်မှတ်နေရာမှာမဟုတ်ပဲ လူတင်လူချ ပြုလုပ်ခဲ့လို့ အရေးယူခဲ့တာလည်း ၆၇၃ မှုရှိပြီး ချလံဖြတ်အရေးယူတာတွေ သက်ဆိုင်ရာယာဉ်လိုင်း ကုမ္ပဏီကိုအရေးယူတွေ ပြုခဲ့ရတယ်လို့လည်းပြောပါတယ်။ ဦးရန်ရှင်းရဲ့ ဒုတိယမေးခွန်းဖြစ်တဲ့ ဦးထောင်ဘိုအ၀ိုင်းနှင့်ဟံသာဝတီအ၀ိုင်းကို ဖျက်သိမ်းဖို့အစီအစဉ်ရှိမရှိနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ လက်ရှိမှာတော့ ဖျက်သိမ်းဖို့မရှိသေးပဲ လေ့လာဆန်းစစ်တာတွေတော့ ပြုလုပ်နေတယ်လို့ဖြေကြားခဲ့ပါတယ်။

04 Dec 2017     1,313 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS