BEC-TERO TV

ဘာလီကျွန်းမှ အာဂူးန်မီးတောင် ထပ်မံပေါက်ကွဲနိုင်

29 Nov 2017     1,428 Views


အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက အာဂူးန်မီးတောင်ဟာ ထပ်မံပေါက်ကွဲဖွယ်ရှိနေတာကြောင့် ဒေသခံတွေက ရွှေ့ပြောင်းနေကြပြီး ရွှေ့ပြောင်းနေထိုင်သူတွေအတွက် နေရာချထားပေးရတဲ့ဧရိယာ ပိုကျယ်လာပါတယ်။ မီးတောင်ပေါက်ကွဲဖို့ရှိနေတဲ့အတွက် အန္တရာယ်သတိပေးချက်ကို တနင်္လာနေ့ အစောပိုင်းမှာ အမြင့်ဆုံးအဆင့်မြှင့်တင်ထားတယ်ဆိုပြီး အင်ဒိုနီးရှားအာဏာပိုင်တွေက ပြောပါတယ်။
 
မီးတောင်ကပြာတွေမှုတ်ထုတ်နေတာကြောင့် လေကြောင်းသွားလာရေးမှာအခက်အခဲတွေ့နေပါတယ်။ ဘာလီကျွန်းလေဆိပ်ကို ပိတ်ထားလိုက်လို့ ကမ္ဘာလှည့်ခရီးသည်တွေဟာ ခရီးမဆက်နိုင်ဘဲ လေဆိပ်မှာသောင်တင်နေပါတယ်။အာဂူးန်မီးတောင်ရဲ့တောင်ထိပ်ကနေ အမြင့်ပေ(၁၁၀၀၀) ကျော်လောက်အထိ မီးခိုးတွေထွက်နေပါတယ်။
မီးတောင်ထိပ်က ပေါက်ကွဲသံတွေကို မီးတောင် ပတ်ဝန်းကျင်(၇)မိုင်အကွာကနေ ကြားနေရတယ်လို့ အင်ဒိုနီးရှားအမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဘုတ်အဖွဲ့က ပြောပါတယ်။ မီးလျှံတွေထွက်နေတာကို ညဘက်မှာ ထင်ထင်ရှားရှားမြင်နေရပြီး မီးတောင်ဟာ ပိုပြီးပြင်းထန်တဲ့ပေါက်ကွဲမှုတစ်ခုဖြစ်လာတော့မယ်လို့ ဘုတ်အဖွဲ့က သူတို့ရဲ့ Facebook စာမျက်နှာကနေ သတိပေးပြောဆိုခဲ့ပါတယ်။
 
ဒေသခံတွေအတွက် မျက်နှာဖုံးတွေကို အာဏာပိုင်တွေက လိုက်လံဝေငှနေပြီး မီးတောင်ရဲ့(၆)မိုင်ပတ်ဝန်းကျင်အထိ ရွှေ့ပြောင်းတဲ့ဧရိယာကို တိုးမြှင့်ထား ပါတယ်။မီးတောင်ပေါက်ကွဲမှုဖြစ်နေချိန်မှာပဲ မိုးရွာဖို့ရှိနေတယ်လို့ အင်ဒိုနီးရှားမိုးလေ၀သဌာနက ခန့်မှန်းပြောဆိုထားပါတယ်။မီးတောင်ကစီးထွက်လာတဲ့ချော်ရည်တွေဟာ မြစ်တွေထဲကို စီးဆင်း သွားဖွယ်ရှိနေတယ်လို့လည်း သတိပေးထားပါတယ်။မီးတောင်ဟာ နိုဝင်ဘာလ ၂၁ ရက်နေ့တုန်း ကလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
 

29 Nov 2017     1,428 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS