တစ်နိုင်ငံလုံးမှာသုးံစွဲနေသည့် လျှပ်စစ်ဓာတ်အားပမာဏရဲ့တစ်ဝက်ကို ရန်ကုန်တိုင်း ဒေသကြီးမှ သုံးစွဲနေ
28 Nov 2017 1,308 Views
မြန်မာတစ်နိုင်ငံလုးံမှာ သုံးစွဲနေတဲ့ လျှပ်စစ်ဓာတ်အားပမာဏရဲ့တစ်ဝက်ကို ရန်ကုန်တိုင်း ဒေသကြီးမှ သုံးစွဲနေတယ်လို့ နိုဝင်ဘာလ ၂၄ ရက်က UMFCCI မှာ ကျင်းပတဲ့ ဒုတိယသမ်္မတ ဦးမြင့်ဆွေနှင့်မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်တာပါ။
နိုင်ငံတော်အစိုးရအနေနဲ့ လျှပ်စစ်ဓါတ်အားကို ပမာဏများများထုတ်လုပ်ပါက နိုင်ငံတော် ဘဏ္ဍာများစွာ စိုက်ထုတ်နေရတဲ့အခြေအနေရှိနေပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ နိုင်ငံတော်က အခုလို အရှုးံခံစိုက်ထုတ်မှုမရှိပဲ သုးံစွဲသူပြည်သူတွေကိုလည်း စွမ်းအားပြည့်ဝတဲ့ လျှပ်စစ်မီးရရှိဖို့ကို တိုင်းဒေသကြီးအစိုးရအနေနဲ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
နည်းလမ်းအမျိုးမျိုးနဲ့ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရောင်းချလိုတဲ့ ကုမ္ပဏီတွေဟာ လျှပ်စစ်ဓါတ်အားကို ဈေးနှုန်းအမျိုးမျိုးနဲ့ရောင်းချနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရကို လာရောက် ဆက်သွယ်နေတာတွေရှိနေတယ်လို့ပြောပါတယ်။ဒါပေမဲ့ ထုတ်လုပ်တဲ့ကုမ္ပဏီတွေအနေနဲ့ နိုင်ငံတော် အစိုးရက လက်ရှိရောင်းချနေတဲ့ဈေးနှုန်းမျိုးကိုတော့ ရောင်းချနိုင်ခြင်းမရှိဘူးလို့ ပြောပါတယ်။
အခုတွေ့ဆုံပွဲမှာ UMFCCI ရဲ့ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံဖြိုးရေးကော်မတီဝင်တွေမှလည်း လျှပ်စစ်ဓာတ်အားပိုမိုထုတ်လုပ်နိုင်ရေးနဲ့ဓါတ်အားဆုးံရှုံးမှုလျော့ချနိုင်ရေးကို အသီးသီးတင်ပြကြ ပါတယ်။မြန်မာနိုင်ငံမှာ တောင်မြောက်သွယ်တန်းထားတဲ့ မဟာဓါတ်အားလိုင်း တစ်လိုင်း တည်းသာရှိပြီး သဘာဝဘေးအန္တရာယ်ကျရောက်ရင် ရန်ကုန်တိုင်းဟာလည်း တစ်ခြားတိုင်းဒေသကြီးနှင့် ပြည်နယ်တွေလိုပဲ သက်ရောက်မှုတွေရှိနေတာပါ။ဒီလိုအခြေအနေမျိုးကိုဖြေရှင်းနိုင်ဖို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အရံ ၅၀၀ မီဂ္ဂါဝပ် မဟာဓါတ်အားလိုင်းတစ်ခုသွယ်တန်းနိုင်ဖို့ ကြိုးစားနေ တယ်လို့လည်းပြောကြားခဲ့ပါတယ်။