BEC-TERO TV

မြန်မာနိုင်ငံမှာ တစ်နှစ်ကို ပြည်တွင်းစားသုံးဆီတန်ချိန်(၅)သိန်းသာ ထွက်ရှိ

28 Nov 2017     1,323 Views


မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ တစ်နှစ်ကိုပြည်တွင်း စားသုံးဆီတန်ချိန် ငါးသိန်းသာ ထွက်ရှိနေသေးတယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။မြန်မာနိုင်ငံမှာပြည်တွင်းစားသုံးဆီထွက်ရှိမှုဟာလုံလောက်မှုမရှိတဲ့အတွက် ပြည်ပက တင်သွင်းတဲ့ စားသုံးဆီတွေနဲ့တွဲဖက်စားသောက်နေရတယ်လို့သိရပါတယ်။လက်ရှိပြည်ပက တင်သွင်းနေတဲ့ စားသုံးဆီတွေဟာ ကျန်းမာရေးနဲ့ညီညွတ်ဖို့အတွက် သတ်မှတ်စံချိန်စံညွှန်းနဲ့ ကိုက်ညီမှသာတင်သွင်းခွင့်ရရှိမှာဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာ စားသုံးဆီတန်ချိန် (၁၀)သိန်းကျော် စားသုံးနေပြီး စားသုံးဆီထွက်ရှိမှုကတော့ တစ်နှစ်ကိုတန်ချိန် ငါးသိန်းသာ ထွက်ရှိနေသေးတာ ဖြစ်ပါတယ်။
 
ဒါကြောင့်မြန်မာနိုင်ငံအနေနဲ့ ဆီထွက်သီးနှံထွက်ရှိမှုတိုးပွားလာအောင် စိုက်ပျိုးရေး နည်းစနစ်ကောင်းတွေနဲ့လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ပြည်တွင်းမှာ လိုအပ်နေတဲ့ဆီတန်ချိန်လျော့နည်းမှုပြသာနာတွေကို ဖြေရှင်းဖို့အတွက် စိုက်ပျိုးချိန်မှ ဆီပုလင်းထဲရောက်သည်အထိဆောင်ရွက်မှုအဆင့်ဆင့်တွေကို အခြားနိုင်ငံတွေရဲ့ နည်းပညာတွေနဲ့ ပြည်တွင်းရဲ့ မြေပဲ၊နှမ်းထုတ်လုပ်မှုတွေကို ဘယ်လိုပူးပေါင်းဆောင်ရွက်သွားမလဲ ဆိုတာတွေကိုလည်း စဉ်းစားသင့်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကပြောပါတယ်။
 
ပြည်တွင်းမှာဆီတန်ချိန်တိုးမြှင့်ထုတ်လုပ်နိုင်ဖို့အတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေနဲ့လည်း နည်းဗျူဟာတွေချပြီးဆောင်ရွက်သင့်သလို အစိုးရပိုင်း အနေနဲ့လည်းလိုအပ်တဲ့ကူညီမှုတွေကိုဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်။
 

28 Nov 2017     1,323 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS