စတုတ္ထမြောက်ရင်သွေးလေး မွေးဖွားကြောင်း စီရော်နယ်ဒို ကြေညာ
14 Nov 2017 1,616 Views

ရီးရဲမတ်ဒရစ်အသင်း၏ ဘော်လုံးအကျော်အမော် စီရော်နယ်ဒိုက သူ၏ စတုတ္ထမြောက်ရင်သွေးလေး မွေးဖွားကြောင်း ဆေးရုံမှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံနှင့်တွဲ၍ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အင်စတာဂရမ်မှာ တင်ပြီး အသိပေးကြေညာခဲ့ပါတယ်။
စီရော်နယ်ဒို၏ အကြီးဆုံးသား ခရစ္စတီယာနိုဂျူနီယာကို ၂၀၁၀ ဇွန်လတုန်းက မွေးဖွားခဲ့ပြီး အဲ့ဒီအချိန်က မိခင်ဖြစ်သူဘယ်သူလဲဆိုတာ ဖုံကွယ်ထယးခဲ့သည့်အတွက် စီရော်နယ်ဒို ပြဿနာဖြစ်ခဲ့ဖူးသေးသည်။
ယခုအခါမှာတော့ သူ၏ချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ် အသက် (၂၂ နှစ်) အရွယ်နှင့်အတူ သားအကြီးဆုံးနှင့် စတုတ္ထမြောက်သမီးလေး အာလာနာတို့နဲ့အတူ တွဲရိုက်ထားသော ဓါတ်ပုံဖြင့် မိခင်ရော ကလေးပါ ကျန်းမာလျှက် မိသားစုပျော်ရွှင်နေကြောင်း အင်စတာဂရမ်မှာ ပရိသတ်ကို အသိပေးခဲ့သည်။
စီရောနယ်ဒိုသည် အသက်(၇ နှစ်) အရွယ်ရှိပြီဖြစ်တဲ့ သားအကြီးဆုံး ခရစ္စတီယာနို အပြင် အီဗာနဲ့ မက်တီရို တို့ကို အငှဦးမိခင်များဖြင့် မွေးဖွားစေခဲ့ပြီး ယခုအခါ ချစ်သူ ဂျော်ဂျီနာနှင့် ပထမဦးဆုံး ကလေးမွေးဖွားခဲ့ခြင်းဖြစ်သည်။
ရော်နယ်ဒိုက ဖခင်ဖြစ်ရတာနဲ့ ပက်သက်ပြီး သူ့ရဲ့ ခံစားချက်ကို “အဖေတစ်ယောက်ဖြစ်ရတာ ဘာနဲ့မှမတူဘူး ထူးခြားတယ် ပြီးတော့ ကိုယ်ပိုင်ခရီးရှည်ကြီးတစ်ခု လျှောက်လှမ်းရသလိုပါပဲ၊ တစ်စုံတဟ်ရာက ကျွန်တော့်ကို အကြီးအကျယ် ပြောင်းလဲသွားစေတယ်” လို့ ဟဲလို မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာဖြေကြားခဲ့ပါတယ်။