BEC-TERO TV

၁၆ နှစ်သားထဲက လူသတ်ဖူးတယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးပြော

10 Nov 2017     1,449 Views


ဖီလစ်ပိုင်သမ္မတ ဒူတာတေးက ဗီယက်နမ်နိုင်ငံရောက် ဖီလစ်ပိုင်လူမှုအဖွဲ့အစည်းနဲ့ တွေ့ဆုံမိန်ုခွန်းပြောကြားစဉ် သူဆယ်ကျော်သက်အရွယ်ထဲက လူသတ်ခဲ့ဖူးတယ်လို့ ပြောကြားခဲ့ပါတယ်။

မူးယစ်ဆေးဝါးနဲ့ ပက်သက်တဲ့ သူ့ရဲ့ပေါ်လစီကို လူအခွင့်အရေးနဲ့ ဝေဖန်မှုအပေါ် အခုလို ကိုးကားပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။ သူဟာ ထောင်ကျမှာလည်း မကြောင်တဲ့အကြောင်းကို ရယ်စရာတစ်ခုသဖွယ် ပြောကြားခဲ့ပါတယ်။

“ထောင်လား.. တော်စမ်းပါ။ ကျွန်တော် ဆယ်ကျော်သက်အရွယ်ထဲက ဝင်လိုက် ထွက်လိုက်လုပ်နေတဲ့ နေရာပဲ”
အသက် ၁၆ နှစ်လောက်တုန်းက ဒီမှာရန်ဖြစ်လိုက် ပြီးရင် ဟိုနားမှာ ထပ်ဖြစ်လိုက်နဲ့ လူတစ်ယောက်ကို မသေသေအောင် ကိုယ်တိုင်ဓါးနဲ့ထိုးသတ်ဖူးတယ်။ ကိစ္စကလား.. လာမှမဟုတ်ပါဘူး လာပြီးမိုက်ကြည့် ကြည့်လို့” လို့ ပေါ့ပေါ့ပါးပါး ပြောဆိုခဲ့တာကို နားထောင်တဲ့ ပရိသတ်တွေက ရယ်မောသဘောကျနေခဲ့ပါတယ်။

ဒူတာတေးဟာ သူ့လက်ထက် ဖီလစ်ပိုင်မှာ မူးယစ်ဆေးဝါးလုံးဝ ကင်းစင်ရမယ်ဆိုတဲ့ ပေါ်လစီနဲ့ စစ်ပွဲအသွင် နှိပ်နင်းခဲ့တာကြောင့် ကမ္ဘာ့အလယ်မှာ အနည်းငယ်အငြင်းပွားစရာရှိတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်နေပါတယ်။

မူးယစ်ဆေးကိစ္စကို ချဉ်းကပ်ရာမှာ သမ္မတတစ်ယောက် လုပ်သင့်လုပ်ထိုက်တဲ့ ပုံစံမျိုးသာမကပဲ အပြတ်နှိပ်နင်းတဲ့ ပုံစံအဖြစ် တစ်ယောက်မှ အလွတ်မပေးဘူးလို့ ကြိမ်းဝါးသလို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး ထောက်ပြဝေဖန်မှဦတွေကိုလည်း လုံးဝဂရဒမစိုက်ဘူးလို့ ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။

လတ်တလောအနေနဲ့ ဒူတာတေးဟာ သောကြာနေ့မှာ ဗီယက်နမ်နိုင်ငံကို ရောက်လာမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အာရှပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ညီလာခံမှာ တွေ့ဆုံဖို့ရှိပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာ ထရမ့်က အာစီယံအဖွဲ့နဲ့ တွေ့ဆုံရန် ဖီလစ်ပိုင်ကို ခရီးဆက်မယ်လို့ CNN သတင်းတွင် ရေးသားဖော်ပြထားသည်။
 


10 Nov 2017     1,449 Views




RELATED

Most Popular of International News

Most Popular of NEWS