(၂၀၁၇-၂၀၁၈)ဆောင်းရာသီဟာလာနီညာရာသီဥတုဖြစ်ရန် ၅၅ ရာခိုင်နှုန်းမှ ၆၅ ရာခိုင်နှုန်းထိရှိနေ
10 Nov 2017 1,372 Views
လက်ရှိအခြေအနေမှာ ပစိဖိတ်သမုဒ်္ဒရာအရှေ့ဖက်လာနီညာစောင့်ကြည့်နေရာအဖြစ် သတ်မှတ်ထားတဲ့ ဧရိယာ(၄)ခုအနက်(၂)ခုမှာ ပင်လယ်ရေမျက်နှာပြင်အပူချိန်ဟာ အနှုတ် (၀.၅)ဒီကရီစင်တီဂရိတ်ကျော်ကျဆင်းနေတာကြောင့် လာနီညာဖြစ်ပေါ်ဖို့အလားအလာတွေ ရှိနေသေး တယ်လို့သိရပါတယ်။
၂၀၁၈ ဆောင်းရာသီ မကုန်ခင်မှာ လာနီညာပြီးဆုံးသွားဖို့ရှိပြီး အားကောင်းတဲ့ လာနီညာမဖြစ်နိုင်တော့တာကြောင့် မြန်မာနိုင်ငံကိုတော့ သက်ရောက်မှုနည်းနိုင်မယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကပြောပါတယ်။အားကောင်းတဲ့ လာနီညာဖြစ်ပေါ်လာ ရင်တော့ ဆောင်းရာသီကာလမှာ အအေးပိုခြင်း၊မိုးများခြင်းဖြစ်ပေါ်ပြီး အေးပြီးစွတ်စိုတဲ့ ဆောင်းရာသီ ဖြစ်ပေါ်မှာ ဖြစ်တယ်လို့သိရပါတယ်။လာမယ့်(၂၀၁၈)နွေရာသီမှာတော့ အပူချိန်လျော့နည်းနိုင်ပြီး မိုးရာသီကာလမှာမုန်တိုင်းအဖြစ်များခြင်း၊ရေကြီးခြင်းစတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ပြောပါတယ်။
အယ်နီညို၊လာနီညာရာသီဥတုဟာ မြန်မာနိုင်ငံရဲ့အရှေ့ဖက်မှာရှိတဲ့ ပစိဖိတ် သမုဒ်္ဒရာမှာဖြစ်ပွားတဲ့ဖြစ်စဉ်ဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာရေပြင်မှာ အနောက်ဖက်မှ ရေနွေးများ အရှေ့ဖက်အထိ တိုးဝင်လွှမ်းမိုးသွားပါက အဲ့ဒီနှစ်ကိုအယ်နီညိုလို့ခေါ်ပြီး ယင်းနဲ့ဆန့်ကျင်ဖက်အဖြစ် အရှေ့ဖက်ကရေအေးတွေ အနောက်ဖက်အထိ ရောက်လာလွှမ်းမိုးသွားပါက လာနီညာနှစ်လို့ သတ်မှတ်ထားတာ ဖြစ်တယ်လို့သိရပါတယ်။