BEC-TERO TV

နိုင်ငံတကာနှင့် အဆက်အသွယ်ရှိသော မူးယစ်ဆေးဂိုဏ်းတစ်ဂိုဏ်းကို မလေးရှား ရဲတပ်ဖွဲ့ဖမ်းဆီး

07 Nov 2017     1,327 Views


မလေးရှားရဲတပ်ဖွဲ့ဟာ နိုင်ငံတကာနဲ့အဆက်အသွယ်ရှိတဲ့မူးယစ်ဆေးဝါးဂိုဏ်းတစ်ဂိုဏ်းကို မလေးရှား ရင်းဂစ်ငွေ(၃၂.၄)သန်းနီးပါးနဲ့အတူ ဂျိုဟောပြည်နယ်အနီးမှာ ဖမ်းဆီးမိခဲ့ပါတယ်။ ဖမ်းဆီးမိတဲ့လူ(၈)ဦးရှိပြီး အောက်တိုဘာလ ၃၁ ရက်တုန်းက ပြုလုပ်ခဲ့တဲ့ ဖမ်းဆီးမှုအတွင်း အဲဒီလူတွေအပြင် ရင်းဂစ်(၆)သန်းနီးပါးတန်ဖိုးရှိတဲ့ငွေသားနဲ့ယာဉ်တွေကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းမိခဲ့ပါတယ်။

ဖမ်းဆီးထားတဲ့လူ(၈)ဦးထဲမှာ စင်ကာပူနိုင်ငံသားတစ်ဦးနဲ့ ဗီယက်နမ် အမျိုးသမီး တစ်ဦးတို့ပါဝင်ပြီး ကျန်လူတွေဟာ မလေးရှားနိုင်ငံသားတွေဖြစ်တယ်လို့ မလေးရှား တော်ဝင်ရဲတပ်ဖွဲ့ ရဲ့ မူးယစ်မှုခင်းအထူးထောက်လှမ်းရေးအဖွဲ့ညွှန်ကြားရေးမှူးက ပြောပါတယ်။ ဖမ်းဆီးခံထားရတဲ့ လူတွေဟာ မလေးရှားနိုင်ငံတွင်းသာမက စင်ကာပူနဲ့အင်ဒိုနီးရှားဈေးကွက်တွေကို မူးယစ်ဆေးဝါး ပို့နေတဲ့ဂိုဏ်းတစ်ဂိုဏ်းက ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။သိမ်းဆည်းရမိတဲ့ပစ်္စည်းတွေထဲမှာ စိတ်ကြွဆေးပြားငါးသောင်း တစ်ထောင်ကျော်၊မက်သာဖက်တမင်း(၁၀)ဂရမ်ကျော်နဲ့ မူးယစ်ဆေးဝါးလုပ်ရာမှာ သုံးတဲ့ဓာတုပစ္စည်းတွေနဲ့ကိရိယာတွေလည်းပါဝင်ပါတယ်။

ပစ္စည်းတွေကို ဂျိုဟောပြည်နယ်ထဲက ဆီအုန်းခြံတစ်ခြံထဲကနေ ဖမ်းမိခဲ့တာဖြစ်ပြီး မူးယစ်ဆေးဝါးဂိုဏ်းဟာ အဲဒီခြံကို ဒေသခံအမျိုးသားထံကနေ ငှားရမ်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။ဒီအတောအတွင်းမှာပဲ ကွာလာလမ်ပူလေဆိပ်အရာရှိတွေဟာ မွန်ဘိုင်းကနေပြန်လာတဲ့ မလေးရှားအမျိုးသားတစ်ဦးထံကနေ ရင်းဂစ်ကိုးသိန်းတန်ဖိုးရှိတဲ့ ကီတမင်း(၂၀)ဂရမ်ကို ပြီးခဲ့တဲ့ လတုန်းက ဖမ်းဆီးရရှိခဲ့ပါတယ်။

https://www.facebook.com/GoodMorningMyanmarLive/videos/2130233043669481/

 


07 Nov 2017     1,327 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS