ဈေးကွက်မှာ ရောင်းချနေပြီဖြစ်တဲ့ မြန်မာဘရန်းအိတ်တွေ
06 Nov 2017 1,284 Views
အိတ်တွေကို ကိုယ်တိုင်ချုပ် လုပ်ရောင်းချနေတဲ့ ဒေါ်ချယ်ရီရှိန်းက “ကျွန်မတို့မြန်မာနိုင်ငံမှာကျတော့ နိုင်ငံခြားဖြစ်အိတ်တွေက တအားများတယ်၊ အဲဒီတော့ မြန် မာနိုင်ငံက ဘရန်းတစ်ခုအနေနဲ့ ထုတ်တယ်ဆိုရင် လူတွေကတော့ လက်ခံနိုင်မှာပဲဆိုပြီး စပြီး ထုတ် ဖြစ်ခဲ့တာ၊ အဓိကထုတ်ဖြစ်တဲ့ အိတ်တွေကတော့ အင်္ကျီတွေ၊ ထဘီတွေနဲ့တွဲပြီး ဝတ်လို့ အဆင်ပြေ နိုင်မယ့် ဆင်တူလေးတွေကို အဓိကထားပြီး လုပ်တယ်၊ ချည်ထည်လေးတွေဆိုရင်လဲ ဈေးနှုန်းကသိပ်မရှိဘူးလေ၊ အဲဒီလို ချည်ထည် လေးတွေကိုဝယ်ပြီး ဆင်တူလေး တွေကို စတင်ချုပ်ဖြစ်ခဲ့တာပါ”လို့ ပြောပါတယ်။
သည်လို မြန်မာဘရန်းတစ်ခု အနေနဲ့ ထုတ်လုပ်တဲ့အိတ်တွေမှာ ဆိုရင် မြန်မာ့ရိုးရာ ချည်ထည်တွေကိုသုံးပြီး ကိုယ်တိုင်ချုပ်ပြီး တစ်နိုင် တစ်ပိုင်ရောင်းချနေတာတွေလည်း ရှိ သလို တရုတ်နိုင်ငံကစက်ရုံကြီးတွေမှာ သွားရောက်အပ်ပြီးမှ မြန် မာဘရန်းတစ်ခုအနေနဲ့ ဈေးကွက်ကို ပြန်သွင်းတာတွေလည်း ရှိတယ် လို့ သိရပါတယ်။ သည်လို တရုတ် စက်ရုံတွေကနေ မြန်မာ ဘရန်း တစ်ခုအနေနဲ့ ပြန်သွင်းလာတဲ့ အိတ်တွေကို မြန်မာနာမည်တွေ ပေးတတ်ကြသလို မြန်မာ ပစ္စည်းမှန်း သိသာစေတဲ့ အ မှတ်အသားတွေကိုပြုလုပ်တတ်တယ်လို့ သိရပါတယ်။
ကိုယ်ပိုင်ဘရန်းအိတ်တွေကို ထုတ်လုပ်ရောင်းချနေတဲ့ မဝင့်ဝါ ကျော်က “အစ်မကတော့ အိတ်တွေကို တရုတ်နိုင်ငံက စက်ရုံကြီးတွေမှာ အပ်တယ်၊ တစ်ခါအပ်ရင် လဲ ဒီဇိုင်းတစ်မျိုးကို အလုံး ၁၀ဝ လောက်ပဲ အပ်တာဆိုတော့ ကိုင်တဲ့သူတွေအနေနဲ့ကတော့ ပိုပြီးကောင်းတာပေါ့၊ လိမိတဒေ အနေနဲ့ ရောင်းတာဆိုတော့ ကိုင်တဲ့သူတွေအနေနဲ့လဲ ဒီဇိုင်းတွေ မထပ်တော့ဘူးပေါ့၊ အခုလက်ရှိတော့ လေး မျိုး ငါးမျိုးလောက်တော့ ထုတ်ပြီး ပြီ၊ နောက်ထပ် ဒီဇိုင်းသစ်တွေ ထပ်ထုတ်ဖို့လဲရှိတယ်၊ ရောင်းချတဲ့ ဈေးနှုန်းကတော့ အနည်းဆုံး ကျပ် ၁၀,ဝ၀ဝ ကျော်ကနေ ကျပ် ၄၀,ဝ၀ဝ၊ ကျပ် ၆၀,ဝ၀ဝ ကျော် လောက် ရှိတယ်”လို့ပြောပါတယ်။
နိုင်ငံခြားစက်ရုံတွေက ချုပ်တဲ့ အိတ်တွေဆိုရင် မြန်မာနိုင်ငံမှာ ဈေးနှုန်း ကျပ် ၆၀,ဝ၀ဝ ကျော် လောက်အထိရှိနေတာဖြစ်ပြီး ဒီဇိုင်းပိုင်းတွေကတော့ တခြားနိုင်ငံခြားဖြစ် ဘရန်းတွေနဲ့မတူဘဲ ကွာခြားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ တချို့ မြန်မာဖြစ်အိတ်တွေဆို ရင် ဒီဇိုင်းတွေက မြန်မာစာလုံးတွေ ထွင်းထားတာတွေရှိသလို တချို့တွေကျတော့ မြန်မာစကားပုံတွေကို အိတ်ပေါ်မှာ ရေး ထားတာတွေရှိပါတယ်။ သည်အိတ်တွေရဲ့ ဈေး နှုန်းက တော့ ကျပ် ၁၀,ဝ၀ဝ လောက်သာ ရှိတာ ဖြစ်ပြီး အိတ်ကို ထည့်တဲ့ ပက်ကင်ကိုလည်း ရေသန့်ဘူးတွေနဲ့ ပြုလုပ်ထားတာပါ။
အခုနောက်ပိုင်းမှာ နိုင်ငံခြား ဖြစ် ပစ္စည်းတွေ မြန်မာနိုင်ငံကို ဝင် ရောက်လာတာ များပြားပြီး ဈေးနှုန်းတွေက တစ်သိန်း ကျော် လောက်အထိ ရှိတယ်လို့ သိ ရပါ တယ်။ အခုနောက်ပိုင်း နိုင်ငံခြား စက်ရုံတွေမှာချုပ်ပြီး မြန်မာနိုင်ငံမှာ ပြန်လည်ရောင်းချနေတဲ့ အိတ်တွေ ဈေးနှုန်းက ကျပ် ၆၀,ဝ၀ဝ ကျော်လောက်အထိသာ ရှိတာကြောင့် ဝယ်ယူသူတွေ များပြား တယ်လို့ သိရပါ တယ်။
Her Affection, Zv Brand တွေရောင်းအားကောင်းနေပြီး အွန်လိုင်းကနေ အများဆုံးရောင်းချပါတယ်။
Credit..... kumudranews
ဓာတ်ပုံ .....ပုံဖော်မှုမျှသာ