ရန်ကုန်က ရပ်ကွက်အုပ်ချူပ်ရေးမှူး၊ ရာအိမ်မှူးတွေရဲ့ အလှူငွေကောက်ခံတာ အပါအ၀င် အလွဲသုံးစားမှုတွေကို တည်ဆဲဥပေဒေနဲ့အရေးယူမည်ဟုဆို
31 Oct 2017 1,324 Views
ရန်ကုန်တိုင်းဒေသကြီးအတွင်းက ရပ်ကွက်၊ကျေးရွာအုပ်ချူပ်ရေးမှူးတွေ၊ရာအိမ်မှူးတွေရဲ့ အလှူငွေကောက်ခံတာအပါအ၀င် အလွဲသုံးစားမှုတွေကို တည်ဆဲဥပေဒေနဲ့အရေးယူ ဆောင်ရွက် သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အောက်တိုဘာ(၂၆)ရက်က ပြုလုပ်တဲ့ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
ရပ်ကွက်၊ကျေးရွာ အုပ်ချူပ်ရေးမှူး၊ရာအိမ်မှူးတွေအနေနဲ့ ရပ်ကွက်ကျေးရွာဖွံ့ဖြိုးရေး အကြောင်းပြချက်နဲ့စီပွားရေးလုပ်ငန်းရှင်တွေ၊ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဆီက အလှူငွေ ကောက်ခံခွင့်မရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောကြားလိုက်ပါတယ်။အလွဲသုံးစားမှုတွေဖြစ်လို့တိုင်ကြားလာရင် တည်ဆဲဥပေဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
ရပ်ကွက်၊ကျေးရွာအုပ်ချူပ်ရေးမှူး၊ရာအိမ်မှူးတွေအနေနဲ့ ရပ်ကွက်ကျေးရွာ ဖွံ့ဖြိုးရေးအကြောင်းပြချက်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဆီက အလှူငွေကောက်ခံခွင့်နဲ့ကောက်ခံရရှိငွေကို ကိုယ်ကျိုးစီးပွားမသုံးစွဲဘဲ ပွင့်လင်းမြင်သာစွာ အများ အကျိုးအတွက်သုံးစွဲရန် လုပ်ထုံးလုပ်နည်းတွေနဲ့ညွှန်ကြားချက်တွေရှိ၊မရှိတွေကို မရမ်းကုန်းမြို့နယ် အမတ်ဦးရန်ရှင်းကမေးမြန်းခဲ့တာပါ။
ရပ်ကွက်၊ ကျေးရွာအုပ်ချူပ်ရေးဥပဒေအရ လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်(၃)ခုရှိပြီး ရုံးအသုံးစရိတ်တွေသုံးစွဲနိုင်ဖို့ နှစ်စဉ်ရသုးံမှန်းခြေငွေစားရင်းနဲ့ မြို့နယ်အလိုက်သင့်တော်ရန်ပုံငွေ ပမာဏကိုလျာထားပြီး ညွှန်ကြားချက်တွေနဲ့အညီ မြို့နယ်အုပ်ချူပ်ရေးမှူးထံတောင်းခံပြီး စနစ်တကျ သုံးစွဲနေတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောကြားလိုက်ပါတယ်။ဒါ့အပြင် ပြည်ထောင်စုရန်ပုံငွေ၊တိုင်းဒေသကြီး ရန်ပုံငွေတွေနဲ့ခွင့်ပြုချက်ချထားပေးတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလဲ ကော်မတီတွေဖွဲစည်းပြီး စနစ်တကျ ဆောင်ရွက်လျက်ရှိတယ်လို့လဲ ဆက်လက်ပြောကြားခဲ့ပါတယ်။