ပြည်တွင်းထွက် ငရုတ်သီးများတွင် ကင်ဆာရောဂါဖြစ်ပွားနိုင်သည့် မှိုအဆိပ်ပါဝင်
30 Oct 2017 1,525 Views
ပြည်တွင်းမှ ထွက်သောငရုတ်သီးများတွင် ကင်ဆာရောဂါကို ဖြစ်ပွားစေတတ်သော အယ်ဖာတောင်ဆန် ဟုခေါ်သည့် မှိုအဆိပ်ပါဝင်မှု ၆၀% ကျော်ပါဝင်သဖြင့် စားသောက်ရန်မသင့်ကြောင်း စားသုံးသူကာကွယ်ရေးဌါနမှ ကြေညာထားကြောင်း သိရှိရသည်။
ငရုတ်ကို ယာခင်းထဲမှ ခူးဆွတ်ချိန်မှစ၍ သယ်ဆောင်ခြင်း၊ အခြောက်လှမ်းခြင်းစသည့် ရိပ်သိမ်းလွန်အဆင့်တွင် ထားသိုသည့်ပုံစံကြောင့် မှိုတက်ပြီး လေးဆယ့်ရှစ်နာရီအတွင်း အခြောက်မခံနိုင်ပါက မှိုစွဲခြင်းဖြစ်သည်။
တောင်သူအချို့က ငရုပ်တွင် မှိုအဆိပ်ပါဝင်မှုကို လျှော့ချစေနိုင်သည့် နေရောင်ခြည်စွမ်းအင်သုံး အခြောက်ခံစက်များဖြင့် စမ်းသပ်အသုံးပြုသော်လည်း ဈေးကွေက်အခြေအနေမကိုက်သဖြင့် အဆိုပါနည်းပညာကို အသုံမပြုနိုင်သေးကြောင်း သိရသည်။
ပြည်တွင်းထွက် ငရုတ်တွင် မှဒိဆိပ်ပါဝင်မှုကြောင့် အိန္ဒိယနိုင်ငံမှ ဝင်လာသော ငရုတ်များ ဈေးကွက်တွင် အရောင်းသွက်လျှက်ရှိသည်။ အိန္ဒိယငရုတ်များမှာ မှိုအဆိပ်များ မပါဝင်အောင် ဆေးတစ်မျိုးဖြင့် စိမ်ထားခြင်းဖြစ်သည့်အတွက် ဓါတုဓါတ်ကြွင်းများ ကျန်ရှိနေနိုင်ပြီး အဆိုပါဓာတုဓါတ်ကြွင်းကို လတ်တလောတွင် ကန့်သန့်ထားခြင်းမရှိသေးကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
ဈေးကွက်တွင် မြန်မာငရုတ် တစ်ပိဿာလျှင် ၃၂၀၀ ကျပ်၊ အိန္ဒိယငရုတ် တစ်ပိဿာလျှင် ၃၇၀၀ ကျပ်ဖြစ်နေသော်လည်း အိန္ဒိယငရုတ်က ပိုမိုအရောင်းဝယ်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံမှာ ကုန်ကျစရိတ်နည်းနည်းနဲ့ နာရီလေးဆယ်အတွင်းမှာ အခြောက်ခံနိုင်တဲ့စနစ် အသုံးပြုပြီး အရည်သွေးမီတဲ့ ငရုတ်သီးနှံများ ထုတ်လုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စားဖိုချောင်သီးနှံများ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချနေသူများ အသင်းဥက္ကဋ္ဌ ဦးစိုးညွန့်က ပြောကြားခဲ့ကြောင်း မြန်မာ့အလင်းသတင်တွင် ဖော်ပြထားသည်။